လူဆိုတာယဉ်ကျေးမှု
ရှိရတယ်
သူမင်းနဲ့မပတ်သက်ချင်တာလည်း
မင်းသိပါတယ်
တကယ်ချစ်ရင် ပြန်လာမှာပေါ့
သူငယ်ချင်းရယ်
သူတပါးစိတ်ချမ်းသာရင်
မင်းလည်း ကုသိုလ်ရပါတယ်...
လူဆိုတာ ရည်မှန်းချက်
ရှိရတယ်
မင်းအရမ်းချစ်မိလို့
မမေ့နိုင်တာလည်း သိပါတယ်
ဒီအတိုင်းဆို မဖြစ်ဘူး
သူငယ်ချင်းရယ်
မင်းချစ်ခဲ့ပြီးပြီပဲ
စိတ်လျှော့လိုက်တာ ကောင်းပါတယ်...
သူပျော်တာလေးပဲတွေ့ရင်
ကျေနပ်တယ်ဆို
မင်းပြောတော့
ရယူခြင်းဟာ အချစ်မဟုတ်ဘူးဆို
ဒါဆို မင်းဝမ်းနည်းမနေနဲ့
သူ့ရဲ့အပြုံးတွေ မြင်ရလို့
သူဆိုတာမင်းအတွက် ကောင်းကင်ကြီးတစ်ခုဆို
ဘာ့ကြောင့်မို့
ကောင်းကင်ကြီးကို ဘောင်ခတ်သလို
မင်း လုပ်ပစ်မှာလဲ
မင်းနဲ့အဝေးဆုံးသွားတဲ့သူကို
ဟေ..ရီး..ရေး..
လူဆိုတာအနာဂတ်တစ်ခု
ရှိရတယ်
မင်းလမ်းမတွေ့တော့လို့
ပျောက်နေတာလည်း သိပါတယ်
ဒီအတိုင်းဆိုမဖြစ်ဘူး
သူငယ်ချင်းရယ်
မင်းပေးဆပ်ခဲ့ပေမဲ့
အရှုံးပဲရတာ များပါတယ်....
သူပျော်တာလေးပဲတွေ့ရင်
ကျေနပ်တယ်ဆို
မင်းပြောတော့
ရယူခြင်းဟာ အချစ်မဟုတ်ဘူးဆို
ဒါဆို မင်းလည်းထပ်မငိုနဲ့
သူ့ရဲ့အပြုံးတွေမြင်ရလို့
ဟေ...ရေး.....
သူဆိုတာမင်းအတွက် ကောင်းကင်ကြီးတစ်ခုဆို
ဘာ့ကြောင့်မို့
ကောင်းကင်ကြီးကိုဘောင်ခတ်သလို
မင်းထပ်လုပ်မှာလဲ
မင်းနဲ့အဝေးဆုံးသွားတဲ့သူကို
ဟေ..ရီး..ရေး..
မင်းထပ်ချစ်မှာလဲ
မင်းနဲ့အဝေးဆုံးသွားတဲ့သူကို...
