လာ လား လား
လာ လာ လာ လား လား
ဘာကြောင့်ရယ်
မမျှော်လင့်ဘဲ
ကိုယ်ဟာ မင်းနဲ့မှ တွေ့ဆုံခဲ့
နာကြင်ဖို့အတွက် ပီးပြည့်စုံတယ်
ကံကြမ္မာ ရထားကြီးဝယ်
ဘူတာ မှားတဲ့ ခရီးသည်
ကိုယ် မသိခဲ့
ဒီလိုမျိုး အသည်းကွဲရနိုင်တယ်
အိပ်မက်ထဲက အိပ်မက်ပါပဲ
အကုန် မှုန်ဝါးပြီး
ဒဏ်ရာများနဲ့ ဒီ
မျက်ရည်များနဲ့
ကိုယ် နိုး...ထရတယ်
ဘယ်လိုမှ အဖြေ ရှာမရခဲ့
ဘာကြောင့်လဲ
မင်း အပြုံးလေးတွေနဲ့ လက်ဖဝါးငယ်
[အတူတွဲ]
တွဲခွင့် မရှိတော့ပါ ထာဝရကွယ်
ဘယ်နတ်ဘုရားရဲ့
လှည့်စားမှုကြောင့်လည်း မသိနိုင်တယ်
[အို ဝို ဟို]
တကယ်ကို ဝေးခဲ့ပြီပဲ
အချစ်တွေရယ်
ကတိတွေရယ်
အရာရာ ပျက်ဆီး ပြိုလဲ
ရင်မှာ ဝမ်းနည်းကြေကွဲ
အသည်းကွဲဖို့ ကံ ပါလာကြတယ်
[မေရယ်]
ပေါင်းစပ်ခွင့် မရှိတာ ငါ နားလည်
ပြန်ဆုံရဖို့
ဆုမတောင်းတော့ပါဘူး
ချစ်သူရယ်
အရာရာအတွက်
ကျေးဇူးတင်တယ်
ဟူး
လား လား လာ လား လား
လား လား လာ လား လား လား
ဟူး
ကိုယ် ရူးပြီ
ဘာတွေ ဆက်လုပ်ရတော့မယ်မသိ
ရှင်သန်ဖို့အတွက် နေ့သစ်တွေမရှိ
အကုန် ဗလာနတ္ထိ
ကာလာမဲ့တဲ့ ပန်းချီ
မေးခွန်းများစွာနဲ့
ဆွေးလွန်းလှပါတယ်
ဆောင်းညတွေ အလယ်
တစ်ယောက်တည်းပဲ
လေနှင်ရာသာ လွင့်တော့မယ်
လှေတစ်စင်းရယ်
မျှော်လင့်ချက် မဲ့တယ်
သတ်မှတ်ပီးသား
ကံအကြောင်း တရားများရယ်
လွန်ဆန်ဖို့ ခွန်အား
မရှိတော့ပါလားကွယ်
မင်း အပြုံးလေးတွေနဲ့ လက်ဖဝါးငယ်
[အတူတွဲ]
တွဲခွင့် မရှိတော့ပါ ထာဝရကွယ်
ဘယ်နတ်ဘုရားရဲ့
လှည့်စားမှုကြောင့်လည်း မသိနိုင်တယ်
[အို ဝို ဟို]
တကယ်ကို ဝေးခဲ့ပြီပဲ
အချစ်တွေရယ်
ကတိတွေရယ်
အရာရာ ပျက်ဆီး ပြိုလဲ
ရင်မှာ ဝမ်းနည်းကြေကွဲ
အသည်းကွဲဖို့ ကံ ပါလာကြတယ်
[မေရယ်]
ပေါင်းစပ်ခွင့် မရှိတာ ငါ နားလည်
ပြန်ဆုံရဖို့
ဆု မတောင်းတော့ပါဘူး
ချစ်သူရယ်
အရာရာအတွက်
ကျေးဇူးတင်တယ်
အရာရာအတွက်
ကျေးဇူးပါကွယ်
ဟူ ဟူး ဟူ
ဟူ ဟူး ဟူ
လာ လာ လာ့ လာ လား
ဟူ ဟူး ဟူ
