ကန်တော်ကြီးအင်းယားလည်း
မသွားချင် ကိုယ်လေမသွားဘူး
ပြန်မြင်ယောင်ကာဆွေးနေတယ်
နှစ်ယောက်သားသွားဖူးတဲ့
ဘုရားပေါ်မှာခိုလေးများ
ကိုယ်မလာရင်မေးငေါ့ကြမလား
အကြောင်းအမျိုးမျိုးရှိလို့
ကိုယ်ငြင်းရခက်တော့
စင်ပေါ်တက်ရတဲ့အခိုက်အတန့်လေး
ထိုင်နေကြရှေ့က မင်းရှိရာခုံလေးသို့
ဟိုအရင်လို့မကြည့်ဝံ့ဘူး
မင်း သိဖို့ကောင်းတယ်
စွဲမိတဲ့မင်းရဲ့အပြုံးလေးတွေ
ချိုသာတဲ့စကားလုံးများပျောက်ကွယ်ရင်မနေတတ်လို့
ယောင်ချာချာဖြစ်ခဲ့ရ
အဖေါ်တွေကောင်းပေမယ့်လည်း
ခဏလေးစိတ်ပြေယုံပဲရှိ
နေသာတယ်မထင်နဲ့ကွယ်
ကိုယ်တစ်ယောက်တည်းမသွားရဲဘူး
အရင်လိုအင်အားမရှိ
ဘယ်ရုံမှာဘာကားပြ
သတိရလို့ဆွေးရမယ့်ကိုယ့်အဖြစ်များ
မင်းမပါတဲ့ကိုယ့်ဘဝများ
အိမ်မက်လည်းမက်ဖို့
ကြောက်မိတယ်ပြန်စဉ်းစား
ဒီလူကိုထားသွားမလား
မင်း သိဖို့ကောင်းတယ်
စွဲမိတဲ့မင်းရဲ့အပြုံးလေးတွေ
ချိုသာတဲ့စကားလုံးများပျောက်ကွယ်ရင်မနေတတ်လို့
ယောင်ချာချာဖြစ်ခဲ့ရ
မင်းသိဖို့ကောင်းတယ်
ကိုယ်စွဲလမ်းမိတဲ့မင်းရဲ့အပြုံးလေးတွေ
ချိုသာတဲ့စကားလုံးများပျောက်ကွယ်ရင်မနေတတ်လို့
ယောင်ချာချာဖြစ်ခဲ့ရ