ဘာကြောင့်လဲ ဘာအတွက်လဲ
ကိုယ်ကချစ်နေမိတာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလို မသိသလိုပါဘဲ
ပန်ချင်သူမရှိလဲ အချိန်တန်ရင်
ပန်းကတော့ပွင့်နေမှာပဲ
အပိုတွေကိုမဆိုတတ်ဘူး
သာမာန်လူတစ်ယောက်မို့လေ
တစ်ကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်..
ဘယ်လောက်လဲ ဘယ်အထိလဲ
ကိုယ်ကချစ်နေရတာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလိုမသိသလိုပါဘဲ
ပင်လယ်ဘယ်လောက်ကြီးကြီး
အိုင်ငယ်ဘယ်လောက်သေးသေး
ရေ..ရေချင်းတော့အတူ
အပိုတွေကိုမဆိုတတ်ဘူး
သာမာန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်..
ဘယ်ကစလဲ ဘယ်မှာဆုံးမလဲ
ကိုယ်ကချစ်နေမိတာ
မေးရန်လွယ်ပေမယ့် အဖြေခက်
သိသလိုမသိသလိုပါဘဲ
နေရာဟာမတည်ငြိမ်ခြင်း
အချိန်ဆိုတာမတည်မြဲခြင်းလို့
ယူဆကြရင်...
အပိုတွေကိုမဆိုတတ်ဘူး
သာမာန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ်..ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်..
အပိုတွေကိုမဆိုတတ်ဘူး
သာမာန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်..ဟူး..
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်..
အပိုတွေကိုမဆိုတတ်ဘူး
သာမာန်လူတစ်ယောက်မို့လေ
တကယ်ပါမေရယ် ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်..အိုး..
တကယ်ပါမေရယ်..ကိုယ်ကတော့
ချစ်တာတစ်ခုတည်းသိတယ်.....