Original key: Gb
INTRO
VERSE 1
စိတ် ခိုင်မြဲခဲ့ပြီ ဒီချစ်ခြင်း ညင်သာစွာနဲ့
အမှတ်တမဲ့ရင်မှာ ခိုဝင်နားခဲ့ ပြာရီမှိုင်းမိုးမြင့်အထိ
စိတ်ရွက်လှေ တိမ်လွှာပြင် ခိုစီးနေ
VERSE 2
နွေ ချစ်ခြင်းတရားတွေ ရင်ခုန်နွေ
လေပြေလိုအေး အချိုဆုံးစကားတွေရယ်
ရင်ခွင်လေးထဲ ခိုဝင်ရင်းတယုတယနဲ့
နှလုံးသားကဗျာ အတူဆိုညည်းကြမယ်လေ
CHORUS
မြတ်နိုးသူအတွက် ရိုးရိုးလေး ချစ်နေမယ်
ဒီအချစ်တွေနဲ့ နှလုံးသားထဲ အေးမြရင်း
ခိုင်မြဲစေသား ဒီတစ်သက်မခွဲ အချစ်စစ်ရဲ့
ခွန်အားသစ္စာတရား အမှန်တရားတစ်ခုရှိနေမယ်
MUSIC
VERSE 2
ဘဝ ကံပေးခဲ့စေ အစီအမံတရား
ကြုံလာရင်လည်း နှစ်ဦးသားရင်ဆိုင်
ကံကြမ္မာမိုးများ စွေရွာမစဲသွန်းဖြိုးလည်း
အချစ်အတွက်ဆို အရာရာကို ကျော်ဖြတ်မယ်
VERSE 3
အရိပ် အမေအေးရိပ်ကို ကျော်လွန်ပြီး
မလွန်ဆန်နိုင်သော နှောင်ကြိုးငြိတွယ်သူ
မျှော်လင့်ခြင်းအတွက် ရောင်နီဦး မိုးသောက်ခရီး
ရောက်လုပြီ အတူဖြတ်ကူးကြမယ်လေ
CHORUS
မြတ်နိုးစွာနဲ့ နှလုံးသားထဲထွေးပွေ့ရင်း
မြတ်နိုးသူအတွက် ရိုးရိုးလေး ချစ်နေမယ်..
ခိုင်မြဲစေသား ဒီတစ်သက်မခွဲ အချစ်စစ်ရဲ့
ခွန်အားသစ္စာတရား ထာဝရနဲ့ချစ်နေမယ်
မြတ်နိုးသူအတွက် နှလုံးသားထဲထွေးပွေ့ရင်း
မြတ်နိုးစွာနဲ့ ရိုးရိုးလေးချစ်နေမယ်
ခိုင်မြဲစေသား ဒီတစ်သက်မခွဲ အချစ်စစ်ရဲ့
ခွန်အားသစ္စာတရား အမှန်တရားနဲ့ ချစ်နေမယ်
ENDING
မြတ်နိုးသူအတွက် ဒီတစ်သက်မခွဲ အချစ်စစ်ရဲ့
ခွန်အားသစ္စာတရား ထာဝရနဲ့ ချစ်နေမယ်
....သစ္စာတရား
အမှန်တရားနဲ့ ချစ်...နေ....မယ်
FADE OUT