Original key: G
Intro
Verse 1
ဒီကွင်းပြင်ကြီးကို တို့ဖြတ်ဖူးတယ်
ဒီမြက်ပင်များအပေါ် တို့နှစ်ယောက်အတူ လျှောက်ဖူးတယ်
ဒီကောင်းကင်ကြီးထဲ မိုးတိမ်တွေ အမြဲပျံသန်း
ကြည်နူးစရာဘဝပေါ့ မင်းလေးနဲ့ ဟိုတစ်ချိန်က
တို့ နှစ်ဦးသားအချစ်ကို တန်ဖိုး ထားကြတယ်
Music
Verse 2
ဒီကွင်းပြင်ကြီးဟာ အခုဆိုလွမ်းစရာ
ဒီမြက်ပင်စိမ်းတွေ ခြောက်သွေ့ကာ ညိုမဲနေ
ဒီကောင်းကင်ကြီးလည်း ဟိုးအရင်လိုမလှတော့ဘူး
ရင်ထဲမှာအဆွေးများ မင်းထားပစ်ကာထွက်သွား
တို့နှစ်ဦးသားဘဝဟာ ကမ္ဘာကြီး ခြားထားသလို
Music
တို့မသိနိုင်ဘူး ကံတရားရဲ့ အင်အားကို
အဝေးဆုံး ချစ်သူတိုင်းလည်း ပြန်နီးဖို့ မျှော်လင့်နေ
အချစ်ဆုံးချစ်သူတိုင်း အို အလွမ်းဆုံးဘဝရှိမယ်
အချစ်ဟာကြည်နူးစရာ လွမ်းစရာ တစ်ခါဖြစ်မြဲ
Verse 3
ကိုယ်လေ စောင့်မျှော်ဆဲပါ မင်းလာမယ့်နေ့
တကယ်နားလည်မှုနဲ့ မင်းကိုယ့်ထံပြန်မယ့်နေ့
ကြေကွဲစရာများနဲ့ တခြားနေရာမှာ မင်းပျော်မလား
ငါလွမ်းသလို မင်းလည်း အမြဲတမ်းတနေမှာပဲ
မျှော်မဆုံးသောကွင်းပြင် အရင်အတိုင်း
လျှောက်ရအောင်
Solo
Verse 3
ကိုယ်လေ စောင့်မျှော်ဆဲပါ မင်းလာမယ့်နေ့
တကယ် နားလည်မှုနဲ့ မင်းကိုယ့်ထံပြန်မယ့်နေ့
ကြေကွဲစရာများနဲ့ တခြားနေရာမှာ မင်းပျော်မလား
ငါလွမ်းသလို မင်းလည်း အမြဲတမ်းတနေမှာပဲ
မျှော်မဆုံးသောကွင်းပြင် အရင်အတိုင်း လျှောက်ရအောင်
မျှော်မဆုံးသောကွင်းပြင် အရင်အတိုင်း လျှောက်ရ()အောင်
Ending
()