အချစ်ရဲ့အားမာန်
Verse 1
အိုဗာတင်းတွေ ချောကလက်တွေ
နင်ဝယ်ပေးတော့ဝမ်းနည်းတယ်
မလိုပါကွယ်
ဒါတွေမပေးလဲချစ်မှာပါ
ပြန်လည်ပြီးတော့ တလှည့်
မင်းကို အမှတ်တရ ဖြစ်စေဖို့
ဘာဝယ်ရမှန်း ငါ့မှာ
တကယ်ကို မတွေးတတ်ပြီ
အချဉ်ဟင်းတစ်ခွက်ငပိတစ်ခွက်နဲ့
မြိန်အောင်စားတဲ့ ငါ့မနက်စာ
နင်မြင်ပေမယ့်
အတူဆုံဇွတ်မှိတ်စားနိုင်တော့
ယုံကြည်ကိုးစား သွားခဲ့မိပြီ
အချစ်ရဲ့ အားမာန်ကို
ဘဝင်တွေမြင့်သွားလောက်အောင်
စိတ်ချလိုက်ပြီကွယ်
စေတနာရှင်မလေးအတွက်
စေတနာရှင်မလေးအတွက်
တကယ်ချစ်တယ် ဆိုရင်
လေလည်းမလုံ မိုးလည်းယို
အိမ်အိုကြီးရဲ့ အပွေ့အဖက်ကို
အတူခေါ်ကာ
ရင်ဆိုင်ခိုင်းဖို့သင့်ပါ့မလား
ဘယ်လိုပဲ တို့နှစ်ယောက်
မီးတောက်အောင် ချစ်ခဲ့ကြပါစေ
ထမင်းရည်သောက်ပြီး
ဘဝဖန်တီးဖို့ မပြောရက်ဘူး
ယုံကြည်ကိုးစား သွားခဲ့မိပြီ
အချစ်ရဲ့ အားမာန်ကို
ဘဝင်တွေမြင့်သွားလောက်အောင်
စိတ်ချလိုက်ပြီကွယ်
စေတနာရှင်မလေးအတွက်
စေတနာရှင်မလေးအတွက်
တကယ်ချစ်တယ် ဆိုရင်
လေလည်းမလုံ မိုးလည်းယို
အိမ်အိုကြီးရဲ့ အပွေ့အဖက်ကို
အတူခေါ်ကာ
ရင်ဆိုင်ခိုင်းဖို့သင့်ပါ့မလား
ဘယ်လိုပဲ တို့နှစ်ယောက်
မီးတောက်အောင် ချစ်ခဲ့ကြပါစေ
ထမင်းရည်သောက်ပြီး
ဘဝဖန်တီးဖို့ မပြောရက်ဘူး
Speed1.0x
Key0