Original key: Bb
INTRO
VERSE
ခြေလှမ်းလိုက်တိုင်းကျွံကျတဲ့ဘဝ
သစ်ရွက်ကလေးသာခိုစီးချင်
အနက်ရှိုင်းဆုံးအလွမ်းရင်ထဲကအခန်း
တစ်သက်စာတစ်ယောက်သာချစ်ဖူးတယ်
PRECHORUS
ငါနိုးလာတဲ့မနက်ခင်းဟာပုံရိပ်ယောင်တွေပဲလား
ငါ့နံဘေးမှာမင်းမရှိတော့တာတကယ်ဖြစ်နိုင်ပါ့မလားကွာ
CHORUS
နင်စွန့်သွားတဲ့ငါ့နှလုံးသား
အခွံသာကျန်ရစ်ပြီးမှနင်လိုရာပျံသန်းတော့
နင်စွန့်သွားတဲ့အသိုက်ဟောင်းကို
တစ်ခါတလေယောင်ယမ်းပြီးမှ
နင်ပြန်လာမယ်ဆိုအမြဲအသင့်ပါ
INSTRUMENTAL
VERSE
ဘယ်နေ့ရက်အထိနင်ထားတဲ့အတိုင်း
အလွမ်းတွေသည်းနေရဦးမယ်
ဘယ်ကမ်းစပ်အထိဖြတ်ကူးရမလဲ
အတိတ်ဟာမရောက်နိုင်တဲ့ခရီးရှည်
PRECHORUS
ငါနိုးလာတဲ့မနက်ခင်းဟာပုံရိပ်ယောင်တွေပဲလား
ငါ့နံဘေးမှာမင်းမရှိတော့တာတကယ်ဖြစ်နိုင်ပါ့မလားကွာ
CHORUS
နင်စွန့်သွားတဲ့ငါ့နှလုံးသား
အခွံသာကျန်ရစ်ပြီးမှနင်လိုရာပျံသန်းတော့
နင်စွန့်သွားတဲ့အသိုက်ဟောင်းကို
တစ်ခါတလေယောင်ယမ်းပြီးမှ
နင်ပြန်လာမယ်ဆိုအမြဲအသင့်ပါ
SOLO
PRECHORUS
ငါနိုးလာတဲ့မနက်ခင်းဟာပုံရိပ်ယောင်တွေပဲလား
ငါ့နံဘေးမှာမင်းမရှိတော့တာတကယ်ဖြစ်နေတာလား
CHORUS
နင်စွန့်သွားတဲ့ငါ့နှလုံးသား
အခွံသာကျန်ရစ်ပြီးမှနင်လိုရာပျံသန်းတော့
နင်စွန့်သွားတဲ့အသိုက်ဟောင်းကို
ဘာဆိုဘာမှမရှိတော့
CHORUS
နင်စွန့်သွားတဲ့ငါ့နှလုံးသား
အခွံသာကျန်ရစ်ပြီးမှ
နင်စွန့်သွားတဲ့အသိုက်ဟောင်းကို
တစ်ခါတလေယောင်ယမ်းပြီးမှ
နင်ပြန်လာမယ်ဆိုအမြဲအသင့်ပါ
ENDING
နင်ပြန်လာမယ်ဆိုအမြဲအဆင်သင့်
နင်ပြန်လာမယ်ဆိုအမြဲအသင့်ပါ