
ထားလိုက်ပါ
Intro
Verse 1
အောင်သွယ်တော် လမင်းကြီးလဲ
ကိုယ်ရောင်ဝါတွေ မထွန်းလင်းတော့
မှောင်မဲလွန်းတဲ့ကောင်းကင်မှာ
ကြယ်တွေ ကင်းလို့စင်
Verse 2
သန်းခေါင်ယံမှာ ရွာတဲ့မိုး
ဆွေးအော်သံတွေကို ပြန်ကြားရင်း
တွေးထင်ယောင်မှား
မင်းစကားသံလား လေသံလား
အချစ်ရေ
Pre-Chorus
ကောင်းနိုးရာရာတွေဖန်တီးသူ
ချစ်မေတ္တာတွေနင်တကယ်မသိတက်
စစ်မရောက်ခင်မှာမြှားတွေကုန်နေပီ
ကိုယ် ချစ်ရသူဟာ မချစ်ဘူးလို့
ပြောတဲ့အသံကိုအကြိမ်ကြိမ် နားထဲ
ကြားယောင် ပဲ့တင်သံတွေ ထပ်နေသည်
Chorus
မင်း မချစ်တဲ့ လောကမှာ
ကိုယ့် ဘဝ အဓိပ္ပါယ်မဲ့
ဥပေက္ခာတွေ သိပ်များ
နောက်ထပ်တခေါက်
ဆုံးရှုံးစရာ ဘာမှမရှိပါ
ငါ တစ်ယောက်ထဲ ထားလိုက်ပါ
မင်းမချစ်တဲ့ လောကမှာ
ကိုယ့်ဘဝ အဓိပ္ပါယ်မဲ့
ဥပေက္ခာတွေ သိပ်များ
နောက်ထပ်တခေါက်
ဆုံးရှုံးစရာ ဘာမှမရှိပါ
ငါ့ တစ်ယောက်ထဲ ထားလိုက်ပါ
Verse 3
နေရောင်မကွယ်တုန်းလေး
ညနေငါယုံကြည်ရာ ဆက်တိုးရင်း
လမ်းတဝက်မှာပျောက်ပျက်ခဲ့ရတဲ့
အို မျှော်လင့်ချက်တွေ
Verse 4
နင် မပါလာတော့မဲ့ လမ်းကို
အမှောင်ကွယ်မှာ ဆက်တိုးရင်း
တစ်ယောက်သူငါ
ကြီးမားသော မေတ္တာတွေ
အလွန်တစ်ရာ ပေးဆပ်နေ
Pre-Chorus
ကောင်းနိုးရာရာတွေဖန်တီးသူ
ချစ်မေတ္တာတွေနင်တကယ်မသိတက်
စစ်မရောက်ခင်မှာမြှားတွေကုန်နေပီ
ကိုယ် ချစ်ရသူဟာ မချစ်ဘူးလို့
ပြောတဲ့အသံကိုအကြိမ်ကြိမ် နားထဲ
ကြားယောင် ပဲ့တင်သံတွေ ထပ်နေသည်
Chorus
မင်း မချစ်တဲ့ လောကမှာ
ကိုယ့် ဘဝ အဓိပ္ပါယ်မဲ့
ဥပေက္ခာတွေ သိပ်များ
နောက်ထပ်တခေါက်
ဆုံးရှုံးစရာ ဘာမှမရှိပါ
ငါ တစ်ယောက်ထဲ ထားလိုက်ပါ
မင်းမချစ်တဲ့ လောကမှာ
ကိုယ့်ဘဝ အဓိပ္ပါယ်မဲ့
ဥပေက္ခာတွေ သိပ်များ
နောက်ထပ်တခေါက်
ဆုံးရှုံးစရာ ဘာမှမရှိပါ
ငါ့ တစ်ယောက်ထဲ ထားလိုက်ပါ
Speed1.0x
Key0