ဥပေက္ခာ
Intro
Verse 1
အိမ်ပြန်ချင်တယ် ဘယ်ချိန်ပြန်ရမှာလဲ
မသေချာပေမယ့် ငါအိမ်ကိုလွမ်းနေတယ်
နင်ဘယ်မှာလဲ နင်ဘာတွေလုပ်နေမလဲ
စာမလာတာလည်း ကြာနေပြီချစ်သူရယ်
မော.. မင်းဘက်ကပြောင်းလဲသွားရင်
ပြောတဖြည်းဖြည်းနင်သွေးအေးသွားရင်
Verse 2
မချည်နှောင်ချင်ဘူး
ငါအရင်လိုမဟုတ်တော့ဘူး
မငြိုငြင်ပါဘူး
ငါဆိုတာမင်းအနိုင်ယူ
နင်မလိုချင်လည်း
သွန်ချင်သွန်မှောက်ပစ်ခဲ့
အပေါ်ယံတွေနဲ့
သကာရည်လောင်းမနေပါနဲ့
စကားတစ်ခွန်းတောင်အစွန်းထင်းမခံပဲ
အကြောင်းပြချက်မပေးနဲ့ရတယ်
Chorus
ဟိုအရင်လိုမျိုးမဖြစ်နိုင်တော့တာငါသိတယ်
ရေဆာနေလည်းအက်ဆစ်မိုးရေပဲငါသောက်မယ်
ဘာလုပ်တော့မှာလဲနင် စခဲ့တာပဲ
စင်ပေါ်ကိုတက်ငါ့လည်ပင်းကိုကြိုးချည်ခဲ့တယ်
ရန်သူတစ်ထောင်နဲ့မင်းကိုလဲနိုင်ခဲ့ရင်ကောင်းမယ်
အိမ်လွမ်းစိတ်တွေလည်းဒီ ဥပေက္ခာနဲ့လဲချင်တယ်
Instrumental
Verse 3
အမှန်နဲ့အမှား ဆင်ခြင်နိုင်ဖို့အတွက်က
အကုန်ပြိုပျက်သွား အပြင်လူရဲ့စကားတွေမှာ
ပူမနေပါနဲ့ အဆင်မပြေရင်ထားရစ်ခဲ့
နာကျင်စွာနဲ့ အရာရာကိုလက်ခံပါတယ်
အစားထိုးစရာရှိတဲ့သူအတွက် အသုံးချခံပေးလိုက်ပါ့မယ်
Chorus
ဟိုအရင်လိုမျိုးမဖြစ်နိုင်တော့တာငါသိတယ်
ရေဆာနေလည်းအက်ဆစ်မိုးရေပဲငါသောက်မယ်
ဘာလုပ်တော့မှာလဲနင် စခဲ့တာပဲ
စင်ပေါ်ကိုတက်ငါ့လည်ပင်းကိုကြိုးချည်ခဲ့တယ်
ရန်သူတစ်ထောင်နဲ့မင်းကိုလဲနိုင်ခဲ့ရင်ကောင်းမယ်
အိမ်လွမ်းစိတ်တွေလည်းဒီ ဥပေက္ခာနဲ့လဲချင်တယ်
Solo

Outro
အိမ်လွမ်းစိတ်တွေလည်းဒီ
ဥပေက္ခာနဲ့လဲပါတယ်
Speed1.0x
Key0