Original key: E
Intro
Verse 1
မနက်ရဲ့အလင်းရောင်လေးဟာ
မင်းအလှမှာကြွေကျ
ပန်းပွင့်လေးတွေကတောင်မင်းလောက်
မမွှေးနိုင်ပါဘူးကွာ အာရုံတွေဖမ်းစား
Verse 2
မိနစ် စက္ကန့်များဟာ မင်းကိုတွေ့ရင် ရပ်သွား
အလင်းစက်လေးတွေတိုင်းဟာ
မင်းတစ်ယောက်ကိုရည်စူးသလား
အရောင်တွေတောက်ပ
Pre-Chorus
ကမ္ဘာမြေပေါ်က နတ်သမီး
ရင်ခုန်ခြင်းတွေအကုန်
နင်သိမ်းပိုက်သွားပြီ
အရာရာတွေထက်ပိုပြီး ငါချစ်ခဲ့သည်
မင်းမရှိတဲ့အခါ ငါ့မှာနေသားမကျ
မင်းနဲ့မှငါ့ဘဝဟာ အဓိပ္ပာယ်ရှိလာ
ဆေးစက်ကျရာ ဝေးနေတဲ့ခဏ
ချယ်ရီပန်းလေးသာ ငါ့မှာလွမ်းနေရတာ
Music
Verse 3
တောင်ပေါ်မြို့ပြညဟာ မင်းအပြုံးတွေရဲ့ကြား
တသက်လုံးမေ့မရနိုင်တော့အောင်
မှတ်ဥာဏ်တွေထဲမှာ
ထာဝရသိမ်းထား
Pre-Chorus
ကမ္ဘာမြေပေါ်က နတ်သမီး
ရင်ခုန်ခြင်းတွေအကုန်
နင်သိမ်းပိုက်သွားပြီ
အရာရာတွေထက်ပိုပြီး ငါချစ်ခဲ့သည်
မင်းမရှိတဲ့အခါ ငါ့မှာနေသားမကျ
မင်းနဲ့မှငါ့ဘဝဟာ အဓိပ္ပာယ်ရှိလာ
ဆေးစက်ကျရာ ဝေးနေတဲ့ခဏ
ချယ်ရီပန်းလေးသာ ငါ့မှာလွမ်းနေရတာ
Bridge
ထင်းရှုးရနံ့လေးတွေနဲ့အတူ
မင်းပါးလေးကို ငါရစ်မူး
အိမ်မပြန်ချင်တော့ဘူး
Chorus+ending