Original key: C
Intro
Verse 1
အတူတူလျှောက်ခဲ့ဖူးတဲ့လမ်းတွေ
အတူတူထားရှိခဲ့တဲ့ကတိများ
တစ်ချိန်ကချစ်ခဲ့ဖူးတဲ့ တို့ရဲ့အချစ်ဟာ
လေထဲမှာပျောက်သွား
အပြုံးလေးတစ်ခုကစ
ရင်ခုန်ချစ်ခဲ့မိတာငါ့အမှား
ထိုင်ကာငေးနေရင်း
ဟိုဝိုးတဝါးအဝေးမှာ
အချစ်သစ်တွေ့နေမလား
တစ်နေ့တော့ မင်းပြန်လာအုံးမလား
မုန်းသွားခဲ့လဲဖြေ ဒါအိပ်မက်တွေ
ငါ့ဘေးနားရှိနေနိုင်ဦးမလား
Music
Verse 2
ပုံပြင်လေးတစ်ပုဒ်ပြီးဆုံးသွားပြီ
ကျန်နေခဲ့ပြီမျက်ရည်များ
ရင်မှာရစ်နှောင်ထားတဲ့ကြိုးလေးကသာ
ပြတ်သွားပြီ
ငါမုန်းလို့မရခဲ့တာ
အချစ်များသာကိုးကွယ်လို့ထား
ငါမင်းတစ်ယောက်ထဲကို
ချစ်ခဲ့တဲ့အခါအရှုံးကြီးရှုံးပြီ အို....
တစ်နေ့တော့ မင်းပြန်လာအုံးမလား
မုန်းသွားခဲ့လဲဖြေ ဒါအိပ်မက်တွေ
ငါ့ဘေးနားရှိနေနိုင်ဦးမလား
မေ့မရတဲ့အချိန်တွေ အဆုံးထိ
မျက်စိမှိတ်မျှော်လင့်ခဲ့သည်
ဘာမှမသိတဲ့တစ်နေ့နေ့ကို
ငါစောင့်စားလို့
နှလုံးသားကွဲကြေနေတဲ့အထိ
အလွမ်းသင့်ခဲ့တဲ့ အတိတ်ရဲ့ပန်းချီ
လမ်းစမရှိတဲ့ ငါ့အဖြစ်ကို
မြင်လည်း ငါဆက်ချစ်မယ်..
တစ်နေ့တော့ မင်းပြန်လာအုံးမလား
မုန်းသွားခဲ့လဲဖြေ ဒါအိပ်မက်တွေ
ငါ့ဘေးနားရှိနေနိုင်ဦးမလား