Original key: F
Intro
Verse 1
မပြေလည်တာတွေ ညှိလို့ရတယ် အဆင်မပြေတာတွေ ရွှေ့လို့ရပါတယ်
အရာမထင်နိုင်တဲ့ အမှိုက်စလေး ရှို့လို့မပစ်ပါနဲ့
Verse 2
အပြန်အလှန် ဝေဖန်စွပ်စွဲချက်တချို့ရယ် နာနာကျင်ကျင် ထိခိုက်သွားနိုင်တယ်
သာယာနေတဲ့ တို့ဘဝလေး ပျက်ဖို့မလုပ်ပါနဲ့
Chorus
အတူတူတို့ရင်းနှီးခဲ့တဲ့အချစ် အတူတူတို့ပေးဆပ်ကြတဲ့အချစ်
မရေရာတဲ့အကြောင်းလေးတစ်ခုအတွက်နဲ့ မပျက်စေချင်ခဲ့
ပြေလည်အောင်ညှိလို့ရရက်နဲ့ မလိုအပ်ပဲ ကိုယ်စီမာနနဲ့
နာကျင်စွာ လမ်းခွဲသွားရအောင် မစွပ်စွဲနဲ့
Solo
Verse 3
မလိုသူ လိုသူ အမြဲရှိမယ် ကာယကံရှင်သာ အဓိကကျပါတယ်
တည်ငြိမ်နေတဲ့ တို့ဘဝလေး ဂယက်တော့မထစေနဲ့
Verse 4
အပြန်အလှန် ယုံကြည်မှုနဲ့နားလည် ကြင်နာသူရယ် သံသယနဲ့မချစ်ပါနဲ့
ခိုင်မာနေတဲ့တို့ဘဝလေး လဲကျမသွားစေနဲ့
Chorus
အတူတူတို့ရင်းနှီးခဲ့တဲ့အချစ် အတူတူတို့ပေးဆပ်ကြတဲ့အချစ်
မရေရာတဲ့အကြောင်းလေးတစ်ခုအတွက်နဲ့ မပျက်စေချင်ခဲ့
ပြေလည်အောင်ညှိလို့ရရက်နဲ့ မလိုအပ်ပဲ ကိုယ်စီမာနနဲ့
နာကျင်စွာ လမ်းခွဲသွားရအောင် မစွပ်စွဲနဲ့
Chorus
အတူတူတို့ရင်းနှီးခဲ့တဲ့အချစ် အတူတူတို့ပေးဆပ်ကြတဲ့အချစ်
မရေရာတဲ့အကြောင်းလေးတစ်ခုအတွက်နဲ့ မပျက်စေချင်ခဲ့
ပြေလည်အောင်ညှိလို့ရရက်နဲ့ မလိုအပ်ပဲ ကိုယ်စီမာနနဲ့
နာကျင်စွာ တဖြည်းဖြည်းဝေးရအောင် မစွပ်စွဲနဲ့
Ending