Original key: E
Intro
Verse 1
မသေသောဆေးသမားမရှ်ိဖူးပါ လောကကြီးမှာ မလိမ္မာတာခွင့်လွှတ်ပါတယ်ကွာ
ဆုတောင်းတိုင်းမပြည့်တတ်မှန်းလည်း အခါတစ်သောင်းမှတစ််ခါလေးတော့ ပြည့်တန်ပါရဲ့
ဒီသံသရာ ဒီအဖြစ်မျိုးနဲ့ကွယ် ဒီတစ်ကြိမ်သာ နောက်ဆုံးမင်းအတွက်ကွယ် လည်စင်းကာခံဦးပေါ့
အနိုင်လိုချင်နေတဲ့ လောကအလယ် အများတကာ ကိုယ်နဲ့မနှိုင်းနဲ့ အတ္တဘုံမှာကွယ်
Verse 2
အဖော်ရှိမှအကိုင်းနားတတ်တယ် ဆက်ရက်မလေးရယ် ရင်နာတယ်
မင်းရဲ့အခြေအနေတွေ အရောင်မျိုးစုံ ပြောင်းလို့တွဲတဲ့ တစ်ယောက်တည်းနဲ့
တစ်သက်လုံးအဖော်ဖြစ်နေရင်ကွယ် သာယာမယ် မြင်ကွင်းလေးကရယ်
သမင်ပျိုရယ် အို ကျားတို့ရဲ့အလယ် အနိုင်အရှုံး အပြိုင်လုဦးပေါ့
ရေကြည်ရာမပျော်နိုင်တဲ့ ဘဝမို့ကွယ် မမြင်ရက်ပါ ကယ်သူမရှိတဲ့ ဒုက္ခဘုံမှာကွယ်
Chorus
မှားတာလည်းမှားခဲ့ရပြီးပြီ ဒီအခြေအနေ ဘယ်သူတွေရောက်အောင်လုပ်တာလဲ
ပြောပြလိုက်စမ်းပါ အပြစ်မဲ့တဲ့ ဆက်ရက်မ ငယ်ရယ်ကွယ်
Solo
Chorus
မှားတာလည်းမှားခဲ့ရပြီးပြီ ဒီအခြေအနေ ဘယ်သူတွေရောက်အောင်လုပ်တာလဲ
ပြောပြလိုက်စမ်းပါ အပြစ်မဲ့တဲ့ ဆက်ရက်မ ငယ်ရယ်ကွယ်
Verse 3
လူသားမို့ လောဘ ဒေါသ မောဟ တရားတွေ တစ်ခါတစ်လေတော့ မကင်းခဲ့ရိုးအမှန်ကွယ်
အပြစ်ကင်းသူဘဝဆုံးအောင် အနိုင်ရလည်း သူတို့အတွက် အမြတ်ဘယ်မှာလဲ
မဟန်သူက တစ်ဘဝလုံးပျက်ပြီ ဒီနွံမှာတစ်သက်လုံးနစ်ရပြီ ဖြေစမ်းပါ ဒီအမေးကို
အနိုင်လိုချင်နေတဲ့လောကအလယ် အမြဲသာဒီလိုပဲလား မေးလိုက်ချင်တယ်လေ
Ending