Original key: D
Intro
Verse 1
တောပန်းကလေးများနဲ့ လှချင်တိုင်းလှနေပါတဲ့
လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ
အဆင်းအတက် ခရီးဆက်လို့ ဖြတ်ကျော် မြင်ကွင်းရှေ့မှာ
တောင်ပြာတန်းတွေ ဆီးလို့ကာ
Verse 2
မွေးရပ်မြို့ကလေးဆီ ရောက်ဖို့နီး
တွေးပျော်နေပြီ မိဘနဲ့ အမျိုးအဆွေအားလုံးကို
အပေါင်းအသင်းရောင်းရင်းများ ဝမ်းသာလို့မဆုံးပေါ့လေ
ကျယ်ကျယ်လောင်လောင် နှုတ်ဆက်နေ
Chorus
သာယာတဲ့ တိမ်လွှာတိမ်လိပ် အနားရောက်အောင်
တောင်ပြာတွေအဆင့်ဆင့် မြင့်မားစွာ
ရောက်ချင်ဇော မျှော်သူရင်မောနွမ်းလှပြီ
အမြင်သာနီး ခရီးဝေးတဲ့တောင်
Verse 3
မှိုင်းညှို့ဆိုင်းလို့ရယ် နှင်းမြူတွေ လွှမ်းခြုံတဲ့ကြား
ချောင်းလေးကလည်း အသာစီးဆင်းကာ
အတန်းလိုက် အကန့်နဲ့ခြား ဝိုင်းရံကာတဲ့ မြို့အဝင်
နေညိုချိန် ပန်းချီကားအလားပမာ
Solo

Ending