Original key: D
Intro
Verse 1
ကံမပါလို့ အရှုံးဘက်ကရပ်တည်နေရတဲ့ ငါ့ဘဝလမ်းမှာလည်း
ဘယ်အချိန် ဘယ်အခါမှလည်း သာယာမှုမရခဲ့တယ်
မပြေလည်တဲ့ဘဝမှာ ရေစုန်မျော မျောလွင့်နေမှာလား
ရင်နာတယ် တစ်ကိုယ်တည်းရယ် ဒုက္ခလမ်းဟောင်းမှာ အနှိမ်ခံဘဝမှာနေ
နေရတဲ့ အပယ်ခံပါ ကယ်သူတွေလည်း ဆယ်သူတွေလည်းမရှိတဲ့ ဒီဘဝမှာ မျက်နှာငယ်
Chorus
ထိုက်သင့်တဲ့အပြစ်နဲ့ ရှိပါစေတော့ဘဝရယ် ဆုတောင်းတိုင်းလည်း မပြည့်နိုင်တယ်
ကြုံသမျှနဲ့ဖြေသာမယ် အိုး မထူးတယ် ရင်နာလည်းမထူးတယ် အိုး ရင်နာလည်းမထူးတယ်
Music
Verse 2
မကြင်နာလို့ အမုန်းနဲ့သာ တင်းတိမ်နေရတဲ့ ငါ့အချစ်ရေးဟာလေ
လူတကာ လူတကာလိုလည်း ပျော်ရွှင်မှုမရခဲ့တယ် တစ်ကိုယ်တော်ဘဝအမှန်
ရင်နာမဆုံး မဆုံးတဲ့ဘဝမှာနေ မကျော်နိုင်တဲ့ ဒီငရဲမှ ဖြစ်သမျှအကြောင်းအောက်မှာ
ဘယ်လိုဘဝမှာနေ နေရမယ့်သူပါ ကံကြမ္မာတွေလည်း ဇာတာတွေလည်းမထူးတဲ့ ဒီငရဲမှာနစ်နေမှာ
Chorus
ထိုက်သင့်တဲ့အပြစ်နဲ့ ရှိပါစေတော့ဘဝရယ် ဆုတောင်းတိုင်းလည်း မပြည့်နိုင်တယ်
ကြုံသမျှနဲ့ဖြေသာမယ် အိုး မထူးတယ် ရင်နာလည်းမထူးတယ် အိုး ရင်နာလည်းမထူးတယ်
Music
Verse 3
သံသရာဟာ အဆုံးအစမရှိတဲ့ သွားရာဘက်လမ်းမှာ အတိအကျမဟောနိုင်တဲ့ ဗေဒင်ဆရာလိုပဲ
မှန်ကန်မှုမရခဲ့တဲ့ မယုံနိုင်တဲ့ဘဝဟာ ကြုံရာလမ်း လမ်းစတလျှောက်မှာလေ
ရင်ဆိုင်စရာဒီဘဝမှာ လောကသားတစ်ယောက်ပဲ သံသရာဝဋ်ရယ်လို့ ဖြေရင်းနဲ့ခံနေမယ်
မမြင်နိုင်အောင်ပဲ ဘယ်ဆီမှာလဲမသိတဲ့ ဘုံငရဲနဲ့နိဗ္ဗာန်ဟာ
Chorus
ထိုက်သင့်တဲ့အပြစ်နဲ့ ရှိပါစေတော့ဘဝရယ် ဆုတောင်းတိုင်းလည်း မပြည့်နိုင်တယ်
ကြုံသမျှနဲ့ဖြေသာမယ် အိုး မထူးတယ် ရင်နာလည်းမထူးတယ် အိုး ရင်နာလည်းမထူးတယ်
Ending