Original key: A
Intro
Verse 1
အို အချိန်တန်ရင်ခွဲရတော့မယ် အမြတ်နိုးဆုံးနှင်းရယ် ဝေးပြီလေ
ပြန်ဆုံဦးမလား သိပ်တော့မသေချာ
ကိုယ့်ချစ်သူရဲ့ပါးမို့နှစ်ဖက်မှာ ခိုတွဲလို့နေ မျက်ရည်တွေ
ဒါဟာသီချင်းလား ကဗျာတစ်ပုဒ်လားကွယ်
Verse 2
သည်အချိန်အခါကို ထည့်မတွက်မိတာ ကိုယ်တို့နှစ်ယောက်အပြစ်တွေ
ရှိပါစေ ကံကြမ္မာတရားက တို့အတွက်မညှာတာ
နှင်းကိုလေ နှုတ်မဆက်ရက်ပါ ကိုယ့်နှလုံးသား အပြီးအပိုင်နှင်းယူနော်
ကိုယ်အမြတ်နိုးဆုံး အကြင်နာနှင်းရယ်
Chorus
ငိုနေလို့ပြီးမှာလား
မငိုအောင်ချော့ ချော့ဖို့ခက်တယ် နော်
မငိုပါနဲ့ချစ်သူရယ် မကြားဝံ့ပါ မဆုံနိုင်တာကို မေ့လိုက်ကြမယ်
Verse 3
ငြင်ငြင်သာသာ အနမ်းလေးများစွာ ကိုယ်အမှတ်တရ သိမ်းကာထားမယ်လေ
ကိုယ့်ရနံ့လေးများ စွဲလျှက်ထင်နေ ရင်ထဲမှာလေ တသသနဲ့ရယ်
ဆုံစည်းမှုကိုမမေ့နိုင်ပါ ဒါဟာသီချင်းပဲ ကဗျာတစ်ပုဒ်ပဲကွယ်
Solo
Verse 2
သည်အချိန်အခါကို ထည့်မတွက်မိတာ ကိုယ်တို့နှစ်ယောက်အပြစ်တွေ
ရှိပါစေ ကံကြမ္မာတရားက တို့အတွက်မညှာတာ
နှင်းကိုလေ နှုတ်မဆက်ရက်ပါ ကိုယ့်နှလုံးသား အပြီးအပိုင်နှင်းယူနော်
ကိုယ်အမြတ်နိုးဆုံး အကြင်နာနှင်းရယ်
Chorus
ငိုနေလို့ပြီးမှာလားမငိုအောင်ချော့ ချော့ဖို့ခက်တယ် နော်
မငိုပါနဲ့ချစ်သူရယ် မကြားဝံ့ပါ မဆုံနိုင်တာကို မေ့လိုက်ကြမယ်
ကိုယ်မြတ်နိုးနေမယ် နှင်းကိုယ်အမြတ်နိုးဆုံး အကြင်နာနှင်းရယ်
သီချင်းတစ်ပုဒ်နဲ့ဖွဲ့ဆိုမယ် နှင်းကိုယ်အမြတ်နိုးဆုံး အကြင်နာနှင်းရယ်
Ending