Original key: E
Intro
Verse 1
ဆံကေသာတစ်ချက်ခါလိုက်တိုင်း ဒီရင်ကိုတစ်ချက်လာရိုက်တယ်
လေမုန်တိုင်းမွှေ့သလိုပါပဲ မိန်းမချောလေးရယ်
ကိုယ်လေကံကောင်းလား ကိုယ်လေကံဆိုးသလား
ရင်မှာလေ တကယ်ဝေခွဲမရတယ်
Verse 2
ဘယ်ညာအမြန်လျှောက်နေရချိန် ကြင်နာသူလိုက်နိုင်ပါ့မလား
ကြိုတင်ကာစိုးရိမ်စိတ်ထား သနားမိတယ်
စိုနေတဲ့ချွေးလေး အသာတကြည်လေးသုတ်ပေး
ဘာကြောင့်များ ကူညီခွင့်မရလဲ
Chorus
ဖောင်ကြီးမှာမှ ဆုံရတယ်လို့ ဘယ်လိုရေစက်လည်းမသိဘူး
မင်းကောသိလား ပင်ပန်းပေမယ့် လသာညလေး
ကိုယ်လေဝင်အိပ်မှာ နှမြောလှပေါ့ကွယ်
Verse 3
အိပ်မက်မှမနိုးချင်လည်း အချိန်တန်တော့မိုးရယ်လင်းမယ်
ဘဝအစစ်က နှစ်ယောက်ဆို အထင်သေးရှုံ့ချကြမယ်
ကိုယ်လေရှေ့တိုးမလား ကိုယ်လေပြန်ဆုတ်မလား ဒီအချိန်ထိရင်မှာဒွိဟပဲ
Solo

Ending