Original key: Dbm to Db
အိုးသီချင်းသည်လေးရေ မင်းနှလုံးသားကထွက်ပေါ်လာတဲ့
ဘဝခံစားမှုတေးသံဟာ ငါ့စိတ်ကိုလှိုင်းထစေပြီ
Intro
Verse 1
အိုသီချင်းသည်လေးရေ နှလုံးသားကြားက ဖွားမြင်လာတဲ့
အချစ်ရဲ့ရသတေးသံဟာ ငါ့အသိကို နိုးကြားလေပြီ
ဘဝလမ်းကြောင်းကို ဖြတ်ကူးပြီးတဲ့ မင်းတေးသံနဲ့ရယ်
အချစ်ခရီးလမ်းကိုပါ ဖြတ်ကူးနှင့်ပြီပေါ့
ဘယ်ခြေလှမ်းကို စပြီးလွင့်မယ် ငါ့ဘဝခဏလေးမှာ
အချစ်နှုတ်ခမ်းပေါ်မှာ ခလုတ်ထိနမ်းပြီပေါ့
Music
Chorus
ဂန္တဝင်သီချင်းသည်ရေ မင်းရဲ့ဂန္တဝင်မြောက် တေးမြူသံကို ကြားပါရစေသား
နားထောင်ပါရစေလား မင်းပျောက်သွားပေမယ့် မင်းရဲ့တေးသံဟာ
မင်းကိုယ်စားကျန်ရစ်နေပြီပေါ့ ငါိ့ကိုဖျော်ဖြေရစ်ပြီပေါ့
Solo
ဘယ်ကလာပြီး ဘယ်ကိုပြန်သွား ပြန်သွားပြီလဲ
ဂန္တဝင် ဂန္တဝင်ခရီးသည်ရေ
Ending
ဘယ်ကလာပြီး ဘယ်ကိုပြန်သွား ပြန်သွားပြီလဲ
ဂန္တဝင် ဂန္တဝင်ခရီးသည်ရေ
ဂန္တဝင် ဂန္တဝင်ခရီးသည်ရေ