Original key: D
Intro
Verse 1
အလာကောင်းမိတယ် အခုမှာတော့ အခါနှောင်းပေါ့ကွယ်
ဇရာထောင်းခဲ့ပြီ ကျေးငှက်ငယ်ဆွေးပေါ့ကွယ်
Verse 2
အေးတဲ့အရိပ် ငှက်တစ်သောင်းတောင်မှီနိုင်တယ်
ခရီးသွားများ ချမ်းမြေ့စွာနားကြတယ် ပျိုရွယ်စဉ်တုန်းဘဝပါကွယ်
Chorus
အနိစ္စရဲ့ မမြဲတရားသာထင်ပါတယ် အခုတော့ဖြင့် စိမ်းလန်းမှုကင်းမဲ့တယ်
အပင်အိုနဲ့ အကိုင်းခြောက်ပါကွယ်
Verse 3
ပျိုမြစ်ခဲ့စဉ် အရိပ်ခိုနား အသီးလည်းစားတယ်
အပင်ခြောက်ဘဝမှာ အဝေးရပ်ဆီ ပြေးကြပြီ
Verse 4
ပြေးဦးပေါ့ မင်းရဲ့အဖော်တွေလိုကွယ် ဘယ့်အတွက်ကြောင့်
စိတ်စွဲကာ မခွဲရက်တယ် အပင်အိုဟာ မင်းနဲ့မတန်တယ်
Chorus 2
အေးတဲ့အရိပ်မပေးစွမ်းနိုင်လေပြီကွယ် မနားနဲ့တော့ ငှက်ကလေးရယ်
သွားတော့ကွယ် မနှင်လိုပေမယ့် အသည်းနာတယ်
Solo
Chorus
အနိစ္စရဲ့ မမြဲတရားသာထင်ပါတယ် အခုတော့ဖြင့် စိမ်းလန်းမှုကင်းမဲ့တယ်
အပင်အိုနဲ့ အကိုင်းခြောက်ပါကွယ်
Chorus 2
အေးတဲ့အရိပ်မပေးစွမ်းနိုင်လေပြီကွယ် မနားနဲ့တော့ ငှက်ကလေးရယ်
သွားတော့ကွယ် မနှင်လိုပေမယ့် အသည်းနာတယ်
Ending