Original key: D
Intro
Verse 1
အရာရာလိုက်လျော အလျှော့ပေးခဲ့ဖူးတယ် အဆင်ပြေစေတော့ဆိုတဲ့သဘောနဲ့
ကိုယ့်ရဲ့စေတနာ ကိုယ်တိုင်ပဲ နားလည်ပါတယ်
အနိုင်ယူချင်တတ်တဲ့ လူ့ရဲ့သဘောနဲ့ ဘာရယ်ကြောင့်များ နှိမ့်ချချင်ကြလဲ
ပုခုံးနှစ်ဖက်နဲ့ လူသားချင်းတူပေမယ့်
Chorus 1
တန်ဖိုးဖြတ် ဈေးကွက်နဲ့ပေါင်းသင်းတယ် ရိုးသားမှုကို သူတို့ထည့်မတွက်ပါကွယ်
အောင်မြင်မှုခယလို့ တပ်မက်တယ် ကိုယ်ကျိုးရှိမှ အလုပ်လုပ်မယ့်သူရယ်
Verse 2
နေရာတကာ ကိုယ့်ရဲ့ခေါင်းပေါ်ထားဖို့ သိမ်ငယ်နေ သူ့ရဲ့ဘဝကို
နင်းလို့ဟားတိုက်ကာ ရယ်မောတတ်သူတွေရယ်
တစ်ကြိမ်တစ်ခေါက်ပေါ့ စိတ်ပျော်ရဖို့ သာယာသူတစ်ပါးရဲ့ အရှက်
ဖန်တီးဖို့ တစ်စက်မှကို ဝန်မလေးတတ်သူပဲ
Chorus 2
တစ်ခါတလေတော့လည်း စဉ်းစားတိုင်းဝမ်းနည်းတယ် မှန်တစ်ချပ်လောက်မှ မလှပတဲ့သူတွေရယ်
အပေါ်ယံအပြုံးဖုံးအုပ်လို့ထားလည်းပဲ မျက်နှာဖုံးချွတ်မှ လူရုပ်မထွက်တဲ့သူရယ်
Chorus 3
လောကကြီးရဲ့သဘော တဖြည်းဖြည်းနားလည်လာတော့ ကိုယ်ရိုင်းစိုင်းတတ်လာတာ အပြစ်မဟုတ်ဘူးကွယ်
မျက်လုံးတစ်ဖက်အတွက်မျက်လုံး အရှုံးတစ်ခုအတွက်အရှုံး ပြန်ပေးဆပ်ရမှ ကိုယ်ချင်းမင်းစာနိုင်မယ်
Solo

Ending