Original key: C
Intro
Verse 1
ပန်းရနံ့တွေ လင်းတစ်ဝက်လရောင်အောက်မှာ ထူးကဲစွာသင်းပျံ့နေတုန်းမှာ
မှန်းမျှော်နေတယ် လှမ်းခဲ့ခြေအကြွ ခုတော့ကိုယ်တစ်ယောက်တည်းကျန်နေခဲ့ အိုမေရယ်
Verse 2
သက်ရှိတွေ အိပ်စက်တဲ့ညမျိုးမှာ သက်မဲ့အရာ စိုးမိုးနိုင်လွန်းတယ်
ကြားယောင်နေကြ ပုစဉ်းရင်ကွဲ ရေးဖွဲ့သည် လှိုင်းရင်ခုန်သံ အခုတော့ဘယ်မှာ
Chorus
ခင်မင်တဲံသူငယ်ချင်း ခွင့်လွှတ်ရင်းနဲ့ နားလည်ပါ ပြုံးပျော်ရာမင်းတို့ဘဝမှာ
ငါ့အခြေအနေဆိုးကြောင့် ပိုမိုရှုပ်ထွေးကုန်မှာစိုး စိုးလွန်းလို့
အဝေးမှာ သီချင်းနဲ့ ကိုယ့်တစ်ယောက်တည်းနေမယ်
Solo
Verse 3
သီချင်းလေးတွေစီးဆင်းတဲ့ လေလှိုင်းမှာ ခန်းခြောက်သလို ကွဲအက်သံများပါ
အဖော်မဲ့သူမို့ ကျူးရင့်တဲ့သီချင်းပျံ့လွင့်စဉ် လွမ်းစရာ့အသွင် ရင်ထဲနွမ်းလျှပြီပဲ
Verse 4
တေးသွားလေလှိုင်းတို့ ကွန့်ကာမြူးနေ ကွဲရှလက်ချောင်း သွေးယိုစီးစေ
စိတ်နာချင်လည်း ခက်တဲ့အပြန်ဘဝ သီချင်းသံဖုံးလွှမ်းတဲ့ညပဲ တေးညဆိုမလား
Chorus
ခင်မင်တဲ့သူငယ်ချင်း ခွင့်လွှတ်ရင်းနဲ့ နားလည်ပါ ပြုံးပျော်ရာမင်းတို့ဘဝမှာ
ငါ့အခြေအနေဆိုးကြောင့် ပိုမိုရှုပ်ထွေးကုန်မှာစိုး စိုးလွန်းလို့
အဝေးမှာ သီချင်းနဲ့ ကိုယ့်တစ်ယောက်တည်းနေမယ်
Ending