Original key: D
Intro
Verse 1
အပူအပင်ကင်းတဲ့ ကလေးလေးတစ်ယောက်လို
ရယ်သံများလည်း သာယာလွန်းတဲ့ သီချင်းလေးတစ်ပုဒ်လိုကွယ်
ဖြူစင်ခြင်းနဲ့ ပန်းလေးများပွင့်မယ့် အပြုံးရဲ့မြင်နိုင်ခွင့်လေး အမြဲတမ်းရချင်တယ်
Verse 2
ခိုလှုံကိုးစားခဲ့ အချစ်ရဲ့အရိပ်ဟာ အလုံခြုံဆုံးပဲ
တည်ဆောက်သွားရမယ့် တို့ရဲ့ဘဝအိမ်ငယ်
တစ်ခါတလေတွေ့မယ့် အတားအဆီးများအတွက် အဆင်သင့်ပဲ
ကိုယ်ဟာမင်းအတွက် အမြဲတမ်းရှိနေမယ်
Chorus
ဘယ်လိုအချိန်မှာ ဘယ်လိုအခြေအနေတွေ တွေ့မလဲ
ကြိုတင်ကာရယ် သေချာပြောနိုင်ရန်မလွယ် အကြင်နာတွေရယ်
ရင်မှာကိုယ်စီသိနားလည် ပျော်ရွှင်စေတဲ့ဘဝလေး မင်းအတွက်ပေးမယ်
Verse 3
မြင်ယောင်ကြည့်ကွယ် တို့နှစ်ယောက်အတွက် ရွှေရောင်နေ့များလည်း
ရှင်သန်ခြင်းအတွက် အချစ်တို့ရှိနေမယ် အတူဖန်တီးတဲ့ ငြိမ်းချမ်းမှုရဲ့
လက်တစ်ကမ်းပဲ ယုံကြည်ခြင်းနဲ့ အကြွင်းမဲ့သစ္စာရယ်
Solo

ကိုယ်ဟာမင်းအတွက် အမြဲတမ်းဖြစ်စေမယ်
Chorus
ဘယ်လိုအချိန်မှာ ဘယ်လိုအခြေအနေတွေ တွေ့မလဲ
ကြိုတင်ကာရယ် သေချာပြောနိုင်ရန်မလွယ် အကြင်နာတွေရယ်
ရင်မှာကိုယ်စီသိနားလည် ပျော်ရွှင်စေတဲ့ဘဝလေး မင်းအတွက်ပေးမယ်
Verse 3
မြင်ယောင်ကြည့်ကွယ် တို့နှစ်ယောက်အတွက် ရွှေရောင်နေ့များလည်း
ရှင်သန်ခြင်းအတွက် အချစ်တို့ရှိနေမယ် အတူဖန်တီးတဲ့ ငြိမ်းချမ်းမှုရဲ့
လက်တစ်ကမ်းပဲ ယုံကြည်ခြင်းနဲ့ အကြွင်းမဲ့သစ္စာရယ်
Bridge
ကိုယ်ဟာမင်းအတွက် အမြဲတမ်းရှိနေမယ်
ထာဝရမင်းအတွက် အမြဲတမ်းရှိနေမယ်
Ending