Original key: F
Intro
Verse 1
ကိုယ်ဟာအပင်အောက် အပွင့်ကလေးစောင့်နေတယ်
ကြွေလာလှည့်စမ်းပါ ရင်ထဲကြေကွဲဖြစ်ရတယ်
အချစ်ကလေး ဝေသန္တရာလို အသည်းများပေးဝေနေ
ရင်မှာလေအဖြစ်တွေကို စိုးရိမ်ရင်း အသည်းနာမိတယ်
Chorus 1
ကြိတ်မှိတ်ကာ သာပဲငိုနေပါ့မယ် မကြေညာပါဘူး
ရင်ထဲကအရှုံးဝေဒနာကိုယ်ကအနှိမ်ခံပါပဲ တိတ်တိတ်လေးနဲ့ စောင့်လို့နေမယ်
ဪ ပန်းကလေးရယ် ကြွေပါစေ ကြွေပါစေ ကြွေပါစေ
Music
Verse 2
အပင်ပေါ်ကပန်းတွေ နွမ်းလို့သွားပြီ
ကိုယ်မချုဝံ့ပန်းကို လေကတစ်ခါနမ်းသွားပြန်ပြီ
ကြွေချိန်တန်လို့ ကြွေသွားတော့လည်း
ကိုယ်မျှော်တဲ့ပန်းကို သစ်ပင်အောက် စမ်းရိပ်ပန်သွားတယ်
Chorus 2
အဦးဆုံးပန်သူလည်း မလိုချင်ဘူးကွယ် ကြွေပါစေတော့
ဪ ဒုတိယပန်းပန်သူ ကိုယ်မဖြစ်ပေမယ့်လည်း
ပန်းပွင့်ကလေးရဲ့ နောက်ဆုံးပန်သူ ကိုယ်ဖြစ်ပါရစေ
ကိုယ်မျှော်နေမယ် ကိုယ်မျှော်နေမယ် ကိုယ်မျှော်နေမယ်
Solo