Original key: E
Intro
Verse 1
ခံစားချက်မတူနိုင်ကြတဲ့ မင်းဘဝနဲ့ကိုယ့်ဘဝဟာ အတူတူနေနိုင်ရေး မလွယ်ပါလား
ရည်မှန်းချက်မတူနိုင်ကြတဲ့ မင်းဘဝနဲ့ကိုယ့်ဘဝဟာ ဝေးကြလေပြီပေါ့ အချစ်ရယ်
Chorus 1
မင်းလုပ်သွားတဲ့ လုပ်ရပ်သဘောတွေ စဉ်းစားလို့မရနိုင်
သဘောလည်းမပေါက်နိုင် ငါ့မှာအခက်တွေ့ပြီ
မင်းရွေးထားတဲ့ မင်းရဲ့လမ်းတွေ လိုက်လျှောက်လို့မရနိုင်
မင်းနဲ့ငါ့ရဲ့သဘောဟာ မတူပါလား
Verse 2
အမြင်ချင်းလည်း မတူနိုင်ကြတဲ့
မင်းဘဝနဲ့ကိုယ့်ဘဝဟာ ဝေးကြလေပြီပေါ့ အချစ် ရယ်
Solo
Verse 3
အရောင်အဆင်းလည်း မတူနိုင်ကြတဲ့ မင်းဘဝနဲ့ကိုယ့်ဘဝဟာ ဆီလိုရေလိုခြားနေပါလား
သဒ္ဒါခြင်းလည်းမတူနိုင်ကြတဲ့ မင်းဘဝနဲ့ကိုယ့်ဘဝဟာ ဝေးကြလေပြီပေါ့ အချစ်ရယ်
Chorus 2
မင်းမှန်းထားတဲ့ သူဌေးရဲ့စည်းစိမ် မှန်းဆလို့မရနိုင်
ပေးလည်းမပေးနိုင် ငါ့မှာအခက်တွေ့ပြီ
မင်းမှန်းထားတဲ့ မင်းရဲ့ပန်းတိုင် လက်တွဲလို့မရနိုင်
မင်းနဲ့ငါ့ရဲ့ ပန်းတိုင်မတူပါလား
အသွင်ချင်းလည်း မတူနိုင်ကြတဲ့
မင်းဘဝနဲ့ကိုယ့်ဘဝဟာ ဝေးကြလေပြီပေါ့ အချစ်ရယ်
Chorus 2
မင်းမှန်းထားတဲ့ သူဌေးရဲ့စည်းစိမ် မှန်းဆလို့မရနိုင်
ပေးလည်းမပေးနိုင် ငါ့မှာအခက်တွေ့ပြီ
မင်းမှန်းထားတဲ့ မင်းရဲ့ပန်းတိုင် လက်တွဲလို့မရနိုင်
မင်းနဲ့ငါ့ရဲ့ ပန်းတိုင်မတူပါလား
Ending