Original key: E
Intro
Verse 1
ပျောက်ဆုံးနေသူ ကြာပြီပဲမို့ လာနိုးငယ်မျှော် ခေါ်သံပြုလို့
လှမ်းပြောလိုက်လေ ရေဝတီရေ
ကြိုကာနေမယ် ဒီတစ်ညတော့ မင်းညဖြစ်ပါစေ
Verse 2
ကြွေမယ့်ဟန်ပြင် ရီဝေမှိုင်းတဲ့ မိန်ရဲ့သရဖီ ရင်မှာပိုက်လို့
ပန်းကလေးမနွမ်းခင် ရေဝတီရေ
ခင်တွယ်နေသူ ရင်ထဲက အချစ်ရဲ့နိမိတ်ပုံတွေ
Chorus
မိုးသားထက်က လင်းတလက်နဲ့ရယ် အိပ်စက်မဝသလိုပဲ
ကြယ်တာရာငယ် မပွင့်တပွင့်ပြုံးသူ မဟူရာပင်လယ် အလှမ်းဝေးလွန်းလှတယ်
ဝေးလွန်းတယ် ဆိုပေမယ့်လည်းလှမ်းကြည့်ရင် အစဉ်မြင်ဆဲကွယ်
Verse 3
အဖော်မဲ့နေသူ ရင်ခုန်လွန်းတော့ ချိုတေးသံစဉ် ကာရန်ညှိလို့
ရေးဖွဲ့တော့လေ ရေဝတီရေရည်ရွယ်တာတွေ သူသိဖို့ ပြောပြမလို့ပါလေ
Solo
Verse 4
ကွန့်မြူးနေစဉ် ငွေရောင်သန်းလို့ စက်ဝိုင်းဟန်ချီ ရာသီတစ်ပတ်မို့
တီးခတ်လို့နေ ရေဝတီရေသီဆိုနေမယ် ဒီတစ်ညတော့ မင်းညဖြစ်ပါစေ
Chorus
မိုးသားထက်က လင်းတလက်နဲ့ရယ် အိပ်စက်မဝသလိုပဲ
ကြယ်တာရာငယ် မပွင့်တပွင့်ပြုံးသူ မဟူရာပင်လယ် အလှမ်းဝေးလွန်းလှတယ်
ဝေးလွန်းတယ် ဆိုပေမယ့်လည်းလှမ်းကြည့်ရင် အစဉ်မြင်ဆဲကွယ်
Verse 1
ပျောက်ဆုံးနေသူ ကြာပြီပဲမို့ လာနိုးငယ်မျှော် ခေါ်သံပြုလို့
လှမ်းပြောလိုက်လေ ရေဝတီရေကြိုကာနေမယ် ဒီတစ်ညတော့ မင်းညဖြစ်ပါစေ
Ending