
နင်မရှိရင်
Intro
Verse 1
မင်းနဲ့ငါ့ရဲ့ဇာတ်လမ်းများ
တိမ်တိုက်များလိုဟိုးအဝေးမျောလွင့်သွား
တစ်စထက်တစ်စပေါ့ငါနဲ့ဝေးရာ
ရူးရူးမူးမူးချစ်ပြီးမှ
နင်လေအဝေးကိုဘာကြောင့်ထွက်ပြေးသွား
သွေးအေးအေးနဲ့ချန်ထားခဲ့တာလား..ဟိုဟား
Pre-Chorus
တကယ်ကိုမထင်ထားခဲ့ဘူး
မင်းပြောလိမ့်မယ်လို့
လမ်းခွဲစကားကြားချိန်မှာ
တစ်ယောက်ယောက်အမြန်အရေးပေါ်ခေါ်ပေးပါ
ငါ့နှလုံးသွေးများ ရပ်တန့်သွားပြီလား
Chorus
မင်းငါ့အချစ်တွေဖျက်ဆီးပစ်ကျေနပ်လား
နောက်ဆုံးမှာငါတောင်းဆိုပါရစေ နင်ငါ့အနားမှာပဲ ရှိနေပေးပါ
မင်းဟိုးအတိတ်ကငါနဲ့မင်းအကြောင်းတွေအား
မမေ့ပါနဲ့ နင်စဉ်းစားပေးပါဦး နင်မရှိရင်ငါလည်းမရှိနိုင်လို့
Verse 2
ကိုယ့်ပုခုံးထက်အိပ်စက်သွား
ကျန်နေမင်းရဲ့အငွေ့အသက်များ
ရန်တွေဖြစ်လိုက်ချစ်လိုက်နဲ့ အချိန်တွေငါလေ ပြန်တမ်းတ
ဟိုတုန်းကအကြောင်းတွေအား ပြန်စဉ်းစားပေးပါလား
ငါ့လောက်ချစ်နိုင်မယ့်သူ နင့်အပေါ်ထပ်လို့ ရှိဦးမလား
အလိုလိုက်တဲ့ငါ့ကြောင့်လား စိတ်များတဲ့နင့်ကြောင့်လား
ဖြစ်ခဲ့ကြတယ် ဒီအခြေအနေများ
Pre-Chorus
တကယ်ကိုမထင်ထားခဲ့ဘူး
မင်းပြောလိမ့်မယ်လို့
လမ်းခွဲစကားကြားချိန်မှာ တစ်ယောက်ယောက်အမြန်
အရေးပေါ်ခေါ်ပေးပါ
ငါ့နှလုံးသွေးများ ရပ်တန့်သွားပြီလား
Chorus
မင်းငါ့အချစ်တွေဖျက်ဆီးပစ်ကျေနပ်လား
နောက်ဆုံးမှာငါတောင်းဆိုပါရစေ
နင်ငါ့အနားမှာပဲ ရှိနေပေးပါ
မင်းဟိုးအတိတ်ကငါနဲ့မင်းအကြောင်းတွေအား
မမေ့ပါနဲ့ နင်စဉ်းစားပေးပါဦး
နင်မရှိရင်ငါလည်းမရှိနိုင်လို့
Instrumental
Bridge
ခံနိုင်ရည်အားတွေကုန်လွန်လို့သွားချိန်
ငါလေတစ်ယောက်တည်းပါဆိုးရွားနေလို့
ဟိုးအရင်ကလို မင်းပြန်ချစ်နိုင်မလား
Chorus
နောက်ဆုံးမှာငါတောင်းဆိုပါရစေ နင်ငါ့အနားမှာပဲ ရှိနေပေးပါ
မင်းဟိုးအတိတ်ကငါနဲ့မင်းအကြောင်းတွေအား
မမေ့ပါနဲ့ နင်စဉ်းစားပေးပါဦး နင်မရှိရင်ငါလည်းမရှိနိုင်လို့
Outro
မရှိရင်ငါလည်းမရှိနိုင်လို့
Speed1.0x
Key0