
နှစ်ပတ်လည်
Original key: A
INTRO
VERSE
တန်ဖိုးထားရမဲ့အချစ်တစ်ခုကို ငါတွေ့ချိန်
ဘယ်နည်းနဲ့ဖြစ်ဖြစ်မင်းအနားကငါမဝေးချင်
တို့နှစ်ယောက်ရဲ့နေ့တွေတို့နှစ်ယောက်ရဲ့အတွေးတွေ
တစ်ချိန်ချိန်ဆိုတာမှာအနီးစပ်ဆုံး Baby
ဟိုးတုန်းကနမ်းရှိုက်ခဲ့တဲ့မင်းနှုတ်ခမ်းပါးလေးလွမ်းနေ
မိုးတို့လင်းတိုင်းဖုန်းဆက်နိုးမယ့်မင်းရဲ့ဖုန်းလေးလွမ်းနေ
ငါပေးခဲ့အနမ်းတွေနင့်ပါးလေးတဝိုက်အနှံ့လေ
ဘယ်လိုဖြတ်သန်းမလဲတို့နှစ်ယောက်ရဲ့
အပတ်စဉ်တွေ့တဲ့ Monday
PRECHORUS
အချိန်များလည်းပြောင်းသွားခဲ့ပေါ့ဆောင်းနွေမိုး
နေ့တိုင်းပဲမင်းရဲ့စကားလေးများလည်းအောက်မေ့လို့
ရောက်ဖို့သိပ်မလိုနှစ်ပတ်လည် Valentine ကို
ပြန်လာနိုင်မလားငါလေစောင့်နေလို့
CHORUS
နင်မေ့လို့ရမလားငါတော့မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာနင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကိုနမ်းလို့ဖြေသိမ့်ပါ
VERSE
ဖြေသိမ့်လိုက်ဦးအချစ်ရေငါတို့ဝေးနေတုန်း
ယုံကြည်နေဆဲ Baby တစ်နေ့တို့နီးမယ်လို့
ရည်ရွယ်တစ်သက်လုံးအဖို့
ကမ္ဘာမြေပျက်သုဉ်းလို့သွားသည့်တိုင်
မင်းနဲ့အနမ်းများဆက်ဦးမလို့
ငါ့ရဲ့အတွေးတွေလွင့်ပျံလို့..အိုးဟို
ဟိုးအဝေးကြီးကမင်းထံသို့..အိုးဟို
တမ်းတဆဲပါမင်းသဏ္ဍန်မင်းဟန်
မင်းအနမ်းမင်းအသံတို့
PRECHORUS
အချိန်များလည်းပြောင်းသွားခဲ့ပေါ့ဆောင်းနွေမိုး
နေ့တိုင်းပဲမင်းရဲ့စကားလေးများလည်းအောက်မေ့လို့
ရောက်ဖို့သိပ်မလိုနှစ်ပတ်လည် Valentine ကို
ပြန်လာနိုင်မလားငါလေစောင့်နေလို့
CHORUS
နင်မေ့လို့ရမလားငါတော့မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာနင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကိုနမ်းလို့ဖြေသိမ့်ပါ
CHORUS
နင်မေ့လို့ရမလားငါတော့မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာနင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကိုနမ်းလို့ဖြေသိမ့်ပါ
CHORUS
နင်မေ့လို့ရမလားငါတော့မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာနင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကိုနမ်းလို့ဖြေသိမ့်ပါ
ENDING
Speed1.0x
Key0