Original key: A
INTRO
VERSE
တော်ပါပြီ အချစ်ဆို စိတ်ကနာ
အပူတွေငါ ထပ်မလိုချင်တော့ပါ
ဒီလိုငါ ဆုံးဖြတ်ထားပြီးမှ
ဪ တွေ့ခဲ့တဲ့မင်းနဲ့
VERSE
ဒီတခါနောက်ဆုံးလို့ ဆုံးဖြတ်ကာ
အကုန်ငါပုံအောလို့ ချစ်ထားသမျှ
ခန့်မှန်းရသိပ်ခက်တယ်
နင်တဖြည်းဖြည်းနဲ့ ပြောင်းလဲ
အချစ်တွေ ငါ့အပေါ်ကုန်သွားမလား
CHORUS
နင်ပျော်ရင်လုပ်လိုက်ပါ အချစ်လေး
ဒီလူကို ပေးခဲ့လိုက်အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ
မကြည့်နဲ့တော့ ငါ့ဘက်ကမျက်ရည်
နင်ပျော်ရင်လုပ်လိုက်ပေါ့ အချစ်ရေ
VERSE
အရင်ဆိုနင် ငါ့ကိုအမြဲပြောတာ
အချိန်ကြာလာလည်း ပိုဂရုစိုက်ပါ
ငါဂရုစိုက်လို့ပြောတဲ့
ဒီစကားများ အခုမင်းအတွက်
ချုပ်ချယ်တယ်နင် မြင်တဲ့အခါ
PRECHORUS
ငါဘာလုပ်ရမလဲငါမသိတော့ဘူး
ဆုံးရှုံးမှာကြောက်လို့ စိတ်တွေပူ
အချစ်ကလွဲပြီးလည်း ဘာမှမပေးနိုင်သူ
မပျော်ဘူးဆို ဆွဲလို့မထားရက်ဘူး ကလေးရယ်
နင်မွန်းကြပ်လို့ ရုန်းထွက်ချင်ရင်လည်း
CHORUS
နင်ပျော်ရင်လုပ်လိုက်ပါ အချစ်လေး
ဒီလူကို ပေးခဲ့လိုက်အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ
မကြည့်နဲ့တော့ ငါ့ဘက်ကမျက်ရည်
နင်စိတ်ကြိုက်ပေါ့ အချစ်ရေ
ဒဏ်ရာတွေ ငါ့အတွက်တော့ရိုးနေ
အသည်းကွဲလို့ ဘဝမပျက်နိုင်ပေမယ့်
ငါ့ဘဝထက်ချစ်ခဲ့တော့ ခက်တယ်
နင်ပျော်ရင်လုပ်လိုက်ပေါ့ အချစ်ရယ်
BRIDGE
အချစ်တူချင်း တူခဲ့ရင်လေ
ငါပိုချစ်ရသောသူ ဖြစ်ပါစေ
ဝဋ်ကြွေးတွေ ရှိခဲ့ဖူးရင်လေ
ဒီဘဝမှာပဲ ကြေရပါစေ
နောက်ဘဝများ ဆုံခဲ့ရင်လေ
ဒီထက်တို့ ပိုချစ်မယ်လေ အချစ်ရေ
CHORUS
နင်ပျော်ရင်လုပ်လိုက်ပါ အချစ်လေး
ဒီလူကို ပေးခဲ့လိုက်အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ
မကြည့်နဲ့တော့ ငါ့ဘက်ကမျက်ရည်
နင်စိတ်ကြိုက်ပေါ့ အချစ်ရေ
ဒဏ်ရာတွေ ငါ့အတွက်တော့ရိုးနေ
အသည်းကွဲလို့ ဘဝမပျက်နိုင်ပေမယ့်
ငါ့ဘဝထက်ချစ်ခဲ့တော့ ခက်တယ်
နင်ပျော်ရင်လုပ်လိုက်ပေါ့ အချစ်ရယ်
FADEOUT
နင်စိတ်ကြိုက်ပေါ့ အချစ်လေး