Original key: G
INTRO
VERSE
ငါ့အခန်းထဲမှာလည်း နင်ပေးထားခဲ့ဖူးတဲ့
အမှတ်တရလေးတွေ အခုထိရှိသေးတယ်
ငါ့နှလုံးသားမှာလည်း နင်ပေးထားခဲ့ဖူးတဲ့
အချစ်တွေအနမ်းတွေ အခုထိရှိသေးတယ်
PRECHOURS
ဘယ်သူမှမသိတဲ့တို့ရဲ့အကြောင်းတွေ
ဘယ်သူမှမသိတဲ့ပြသာနာလေးတွေ
ဘယ်သူ့မှမသိခင်တို့တွေ အဆင်ပြေခဲ့ဖူးတယ်
အားလုံးသိမှတို့တွေဝေးကွာ
အားလုံးသိမှပြသာနာများစွာ
အားလုံးရှေ့မှာ မင်းကို
မုန်းဟန်ဆောင်ခဲ့လည်း
CHORUS
ဘေဘီ နင်ထွက်သွားပါတော့ကွာ
ငါနဲ့ဝေးရာအရပ်မှာ
အလှဆုံးနေတွေ မင်းဖန်တီးလိုက်ပါ
တစ်ချိန်မှာနင်သိလိမ့်မယ် ဘဝဟာ
ဆုတောင်းသမျှတွေမဖြစ်တာ
တစ်သက်လုံးပြုံးနိုင်ဖို့ နင်ငိုလိုက်ပါ
တစ်ခဏစာ ဟာ....
တစ်ခဏစာ
VERSE
ငါသတိရနေလည်း
ငါရူးမတတ်ကို လွမ်းလည်း
ငါဖုန်းမဆက်မိသွားအောင် ငါထိန်းမယ်
ငါသွေးအေးသလိုမျိုးနဲ့
အပေါ်ယံဟန်ဆောင်ပြုံးထားလည်း
ဘယ်သူမှမသိအောင် ကြိတ်ငိုနေတုန်းပဲ
PRECHOURS
နင့်ကြောင့်ငါ့မှာအမောပြေရတယ်
နင့်ကြောင့်အချစ်ကို တွေ့ရှိဖူးတယ်
နင့်ကြောင့်အထီးကျန်ခြင်းတွေ
ဘဝမှာလွန်မြောက်ဖူးတယ်
ငါ့ကြောင့်မင်းမှာ အပြစ်တွေဖြစ်တယ်
ငါ့ကြောင့်မင်းကိုလက်ညှိုးတွေထိုးတယ်
ငါ့ကြောင့်မင်းမှာ တစ်ရက်တောင်
စိတ်ချမ်းသာစရာ မရှိခဲ့
CHORUS
ဘေဘီ နင်ထွက်သွားပါတော့ကွာ
ငါနဲ့ဝေးရာအရပ်မှာ
အလှဆုံးနေတွေ မင်းဖန်တီးလိုက်ပါ
တစ်ချိန်မှာနင်သိလိမ့်မယ် ဘဝဟာ
ဆုတောင်းသမျှတွေမဖြစ်တာ
တစ်သက်လုံးပြုံးနိုင်ဖို့ နင်ငိုလိုက်ပါ
တစ်ခဏစာ ဟာ...
တစ်ခဏစာ
PRECHOURS
တို့နှစ်ယောက်တကယ့်ကို ချစ်ခဲ့ဖူးတယ်
တို့နှစ်ယောက်အချစ်ကို ရူးသွပ်ဖူးတယ်
တို့်နှစ်ယောက် စိတ်ကူးယဉ်ပြီး
လေထဲမှာ အိမ်ဆောက်ဖူးတယ်
CHORUS
ဘေဘီ နင်ထွက်သွားပါတော့ကွာ
ငါနဲ့ဝေးရာအရပ်မှာ
အလှဆုံးနေတွေ မင်းဖန်တီးလိုက်ပါ
တစ်ချိန်မှာနင်သိလိမ့်မယ် ဘဝဟာ
ဆုတောင်းသမျှတွေမဖြစ်တာ
တစ်သက်လုံးပြုံးနိုင်ဖို့ နင်ငိုလိုက်ပါ
ENDING
တစ်ခဏစာ ဟာ...
တစ်ခဏစာ
ဟိုး..ဟိုး.....ဟို......
FADEOUT