
မနီးတော့တဲ့ကမ္ဘာ
Intro
Verse 1
ဒီကမ္ဘာကြီးမှာမင်းနဲ့ဝေး ရရင်
ဒီကမ္ဘာကြီးမှာ အခုငါ အသက်မရှိချင်...
ပင်လယ်ကြီးသာခမ်းရင်ခမ်းသွားပါစေ
ဒီလူသားရင်ထဲမှာ
မင်းအပေါ်အချစ်တွေ
မခြောက်ခမ်းဘူးလေ
ဟိုတုန်း..က...
အချိန်လေး...များ...
ပြန်တမ်းတလိုက်
မင်းကို လွမ်းမောလိုက်ငါ
သတိတွေ ပိုရလာ...
ပြန်စဥ်း..စား
အရင်တုန်း က
တန်ဖိုးရှိတဲ့ နေ့တွေ
အဆုံးသတ်တော့မှာလား.
Chorus
ဝေးရမယ်ဆိုတာ သေ..ချာ..သည်
သိသိလျက်နဲ့
မင်းအနား ရသလောက်တော့ငါ
ကပ်တွယ်ပါဦးမယ်
ဝေးရမယ်ဆိုတာ သေ..ချာ.သည်
နည်းနည်းလောက်နည်းနည်းလောက်ပေါ့
နှလုံးသားလေးကို
မင်းစာနာသင့်သည် ဝေးရပြီ
Oh! လမ်းခွဲသွားပြီး
ပြန်လာမယ့် ရက်တွေကိုငါ
ရေတွက်ထားတယ်
မင်းရှိရင် အသေဖက်ထားမယ်
မင်းမရှိရင်မနေတတ်သားနဲ့
ကိုယ်သိလိုက်ပါတယ်
မင်းဆီက ချစ်ခြင်းမေတ္တာ
ရွှေထက်ရှားတယ်
ကြည့်စမ်းပါဦး
ဥသြတွေ တွန်နေပါပီနွေရက်များထဲ
အဝါရောင်ဥတုရောက်ပြီအချစ်
မင်းကြိုက်တဲ့ ပိတောက်ပန်းတွေသီ
နွေညတွေတစ်ယောက်ထဲ ဖြတ်သန်းတော့
ခင့်ကိုပါ မောင်လွမ်းနေပြီ
မင်းကြိုက်တဲ့ တောင်းတန်းတွေဆီ
ခရီးတွေထွက်မယ်စောက်ရမ်းတွေခွီ
ကိုယ့်ကမ္ဘာဟာအမှောင်းကြမ်းနေပြီးတောင်
မင်းနာမည်ကို ယောင်ရမ်းဖြေမိ
မေ့ဖျောက်ဖို့ ခက်တယ်
မင်းရဲ့ အကြည့်တစ်ချက်မှာရူးတယ်
စိတ်ငြိမ်အောင် တရားထိုင်
ဝိပ္ပဿနာရှုလည်း
သတိကပ်မလားဘူး
ကြာလာရင် ဒီထက်ငါ ရူးမယ်
ရင်ခုန်သံ စည်းချက်ကမတူ
မနီးစပ်ပါဘူးကွယ်
အချစ်ရေ
မင်းနေတဲ့မြို့မှာ ပန်းတွေပွင့်ပြီလား
ကိုယ့်နေတဲ့ မြို့မှာတော့
အရက်သမားရဲ့ အလွမ်းတွေ စစ်ချီလာ
မင်းမရှိတဲ့နေ့ကစလို့
ကိုယ့်ဘေးနား တစ်ယောက်လိုနေတာ
ကမ္ဘာကြီး ကျဥ်းကျဥ်းလေးဆိုတာ
တကယ်တော့ စောက်ပိုတွေပါ
Chorus
ဝေးရမယ်ဆိုတာသေ..ချာ..သည်
သိသိလျက်နဲ့
မင်းအနားရသလောက်တော့ငါ
ကပ်တွယ်ပါဦးမယ်
ဝေးရမယ်ဆိုတာသေ..ချာ.သည်
နည်းနည်းလောက်နည်းနည်းလောက်ပေါ့
နှလုံးသားလေးကို
မင်းစာနာသင့်သည် ဝေးရပြီ
ကိုယ်ဟာ တယုတယ ကြင်နာစွာ
မင်းကို မြတ်နိုးနေမှာလေ
မင်း..စိတ်ဆိုးပြေမယ့်ရက်တွေကို ငါ
လက်ချိုးရေကာနေ
မင်းက ငါ့ရဲ့ ပျော်ရွှင်မှုလေး
ဒါ့ကြောင့် သက်ဆိုးရှည်ပါစေ
နေ့တိုင်းဆုတောင်း မေတ္တာပို့ပါတယ်ဗျာ
ကပ်ဆိုးတွေပါဝေး
အချစ်ရေ အရင်လို ဆူးလေနားမှာ
မင်းနဲ့ ခိုစာလေးတွေ ကျွေးမယ်
တစ်ခါတလေ အချစ်ကြောင်း လွမ်းတဲ့နေ့ဆို
ကိုယ်ကဗျာလေးတွေရေးတယ် မင်းနဲ့
မြောက်ဝင်ရိုးစွန်းသွားပြီး
ပိုလာလေးတွေမွေးမယ်
ဒါတွေဟာ အိပ်မက်ပါ
ကိုယ့်ကမ္ဘာလေးရေ ဝေးတယ်
ငါ့အပေါ် အကောင်းမမြင်လဲ အေးဆေးပဲ
ငါသည်းခံရင်း တစ်ယောက်ထဲ
အတိတ်ကို လွမ်းတဲ့နေ့ဆို ကျကျသွားတယ်
အထီးကျန်ခြင်း ချောက်ထဲ
လွမ်းရတဲ့အချိန်တွေဆိုငါ
စိုင်းထီးဆိုင်သီချင်းများ Ha!
အသည်းကွဲနေပါတယ်ဆိုမှ
ဘလိုင်းကြီး ထိုင်ဖွင့်ကြ Yo!
ကလေးလေးကို အရေးပေးပြီး
ရင်ဝယ်ထဲမှာထားတာ
တစ်ဘဝလုံးစာ ရည်ရွယ်ပြီး
ခင်တယ်ခဲ့တာ အားနာ
ကိုယ်ဟာ ငါးစာလေးအနား ဝဲပြီးတော့
ကျင်လည်ခဲ့တာ မှားတာ
မင်းဟာ ငါးမျှားချိတ်
ကိုယ်ဟာ ပင်လယ်ထဲက ငါးပါ
Speed1.0x
Key0