Original key: A
Intro
Verse 1
အချစ်စစ်နဲ့ ချစ်ခဲ့တဲ့ အဆုံးမှာငါ ရရှိခဲ့ဆုတံဆိပ်က အချစ်ဒဏ်ရာ
ဘယ်လိုလဲ အချစ်ရဲ့အရသာ ဘယ်လိုလဲ
မီးမှန်းသိသိရက်နဲ့ တိုးဝင်ငါ ပေးဆပ်ခဲ့ ငါ့အသက် စိတ်နဲ့ခန္ဓာ
ယုံကြည်ခဲ့ တို့နှစ်ယောက်အချစ်ကို ယုံကြည်လည်း
နင်ဖျက်ဆီးသွားခဲ့တယ် ဒီအိပ်မက်နဲ့ မျှော်လင့်ခြင်း
ဘယ်လိုဆက်ပြီး ရှေ့ဆက်မလဲ အရာရာတိုင်း ပျက်သုဉ်းခဲ့
တွေးမိတိုင်း စိတ်နာတယ် မင်းနဲ့တို့ မဆုံဖြစ်တဲ့အကြောင်း
အချစ်ဆိုတာ ဘဝနဲ့ယှဉ်လာတိုင်း အမြဲတမ်းရှုံးနိမ့်နေမယ်
အသိုင်းအဝိုင်းနဲ့ ဂုဏ်သိက္ခာကြား ဒီရင်ကို ချိုးဖဲ့ခြေမွ
Verse 2
အနွေးထွေးဆုံး အနူးညံ့ဆုံး အချစ်တွေကို
ဘုရားပေးတဲ့ အဖိုးထိုက်တဲ့ လက်ဆောင်လို ခုံမင်ခဲ့
တို့နှစ်ယောက်အချစ်ကို ခုံမင်လည်း
နှလုံးသားများ သွေးချောင်းစီးရပြီကွာ ဦးနှောက်တို့ စီးချင်းထိုးကြချိန်မှာ
အို ကျဆုံးသွား အိပ်မက်တွေ အကုန်ပျက်စီး
နင်ဖျက်ဆီးသွားခဲ့တယ် ဒီအိပ်မက်နဲ့ မျှော်လင့်ခြင်း
ဘယ်လိုဆက်ပြီး ရှေ့ဆက်မလဲ အရာရာတိုင်း ပျက်သုဉ်းခဲ့
တွေးမိတိုင်း စိတ်နာတယ် မင်းနဲ့တို့ မဆုံဖြစ်တဲ့အကြောင်း
အချစ်ဆိုတာ ဘဝနဲ့ယှဉ်လာတိုင်း အမြဲတမ်းရှုံးနိမ့်နေမယ်
အသိုင်းအဝိုင်းနဲ့ ဂုဏ်သိက္ခာကြား ဒီရင်ကို ချိုးဖဲ့ခြေမွ
ဒီရင်ကို ချိုးဖဲ့ခြေမွ
ဒီရင်ကို ချိုးဖဲ့ခြေမွ