Original key: D
Intro
Verse 1
ဒီလမ်းမထက် ငါလျှောက်ရမယ် စိန်ခေါ်ပြီးတော့ ရုန်းကန်အသက်ရှင်ရတယ်
ငါရင်းနှီးတဲ့ လူတိုင်းလည်းပဲ တကယ်ငါ ဒုက္ခရောက်ရင် ပစ်ပယ်ကြတယ်
ဘယ်လိုလဲ မြို့ပြဆိုတာလည်း မာယာချည်းပဲ
ငါ့အတွက် အားလုံးအတုအယောင်တွေသာ များတယ်
ရန်ကုန်မြို့ရယ် ငါအဆင်မပြေဘူးကွယ်
ဒီမှာ တစ်ယောက်တည်း ငါမွန်းကြပ်လွန်းတယ်
ကယ်သူမရှိခဲ့ ငါဆိုင်သူမဲ့တယ်
ဒီရဲ့လမ်းမထက် အားတင်းထားတော့မယ်
Music
Verse 2
အရာမထင်လဲကျ ပင်ပန်းခဲ့သမျှ ဖြူစင်ရိုးသားခြင်းက အလုပ်မဖြစ်ဘူးလား
ယုံကြည်ထားသမျှ ပျက်စီးသွားသလား
ဒီတစ်ခါ ရှုံးနိမ့်ခြင်းက အဆုံးသတ်များလား
ဘယ်လိုလဲ မြို့ပြဆိုတာလည်း မာယာချည်းပဲ
ငါ့အတွက် အားလုံးအတုအယောင်တွေသာ များတယ်
ရန်ကုန်မြို့ရယ် ငါအဆင်မပြေဘူးကွယ်
ဒီမှာ တစ်ယောက်တည်း ငါမွန်းကြပ်လွန်းတယ်
ကယ်သူမရှိခဲ့ ငါဆိုင်သူမဲ့တယ်
ဒီရဲ့လမ်းမထက် အားတင်းထားတော့ပါတယ်
Bridge
ငါယုံကြည်ထားတဲ့ အောင်မြင်ခြင်းလည်း
အထပ်ထပ် ငါကြိုးစားတောင်
ဘာကြောင့် ငါမရခဲ့တာလဲ
ရန်ကုန်မြို့ရယ် ငါအဆင်မပြေဘူးကွယ်
ဒီမှာ တစ်ယောက်တည်း ငါမွန်းကြပ်လွန်းတယ်
ကယ်သူမရှိခဲ့ ငါဆိုင်သူမဲ့တယ်
ဒီရဲ့လမ်းမထက် အားတင်းထားတော့မယ်
Ending