Original key: A
Intro
Verse 1
မရေရာတဲ့လမ်းတွေပေါ် မမောတမ်းသွားနေတာ
ဘယ်နေရာရောက်နေနေ ခိုနားဖို့ မတွေ့ပါလား
ရင်ထဲမှာ ငါတမ်းတ မျှော်လင့်မိတဲ့ငါ့အိမ်လေး
လူတကာမေး ဘယ်မှာမတွေ့ ကမ္ဘာကုန်ကျယ်သရွေ့ အဝေးကြီးဝေး
ငါနေချင်တဲ့ အိမ်လေးတစ်လုံး ကမ္ဘာကြီးထဲ ပျောက်ဆုံးရှာဖွေနေတာ
မောပန်းလို့ လောကကိုလည်းမုန်း ဟိုအဝေး
ကိုယ်အတွေးတိမ်ပေါ်ရေးတဲ့ အိမ်လေးတစ်လုံး
ဟိုအဝေး ကိုယ့်အတွေးတိမ်တွေထဲက အိမ်လေးတစ်လုံး
Coming Home...Coming Home
Verse 2
ဒီအချိန်မှာ အိတ်ကပ်ထဲ လက်မှတ်များစွာရယ်
လေယာဉ်တွေ ကားတွေနဲ့ ဘဝရဲ့ခရီးတွေမနည်း ငါသွားတယ်
ပြန်ခဲ့တယ် ဘာမှမထူးခြားဘူး ရင်ထဲဘယ်မှာလဲ ဘယ်တော့လဲ
ဘယ်သူ လမ်းပြပေးနိုင်မလဲ
ငါနေချင်တဲ့ အိမ်လေးတစ်လုံး ကမ္ဘာကြီးထဲ ပျောက်ဆုံးရှာဖွေနေတာ
မောပန်းလို့ လောကကိုလည်းမုန်း ဟိုအဝေး
ကိုယ်အတွေးတိမ်ပေါ်ရေးတဲ့ အိမ်လေးတစ်လုံး
ဟိုအဝေး ကိုယ့်အတွေးတိမ်တွေထဲက အိမ်လေးတစ်လုံး
Coming Home...Coming Home
Verse 3
အမှောင်မှာတစ်ခါ အလင်းမှာတစ်ခါ အလှည့်ကျသွားနေတာ
အမှန်တွေရယ် အမှားတွေရယ် ခေါက်တုံ့ခေါက်ပြန်နဲ့
တံခါးတွေ ဖွင့်ထားတယ် ဝင်ကြည့်မိတော့ အမုန်းတွေပဲ
မလိုချင်ဘူး မနေချင်ဘူး အကြိမ်ကြိမ် ငါပြေးထွက်ခဲ့တယ်
ငါနေချင်တဲ့ အိမ်လေးတစ်လုံး ကမ္ဘာကြီးထဲ ပျောက်ဆုံးရှာဖွေနေတာ
မောပန်းလို့ လောကကိုလည်းမုန်း ဟိုအဝေး
ကိုယ်အတွေးတိမ်ပေါ်ရေးတဲ့ အိမ်လေးတစ်လုံး
ဟိုအဝေး ကိုယ့်အတွေးတိမ်တွေထဲက အိမ်လေးတစ်လုံး
Coming Home...Coming Home
အိမ်လေးတစ်လုံး Coming Home...