မိုးခါးရေ
Intro
Verse 1
ငါလေ အမှန်အတိုင်းပဲ စကားတွေဆို
အဖြူထည် ငါ့နှလုံးသား မယိမ်းယိုင်ဖို့
လျှောက်တဲ့လမ်းတိုင်း ဖြောင့်တန်းအောင်
စဉ်းစားမိသမျှ ညီမျှအောင်
စာနာတတ်သော လူသားတစ်ယောက်ဖြစ်ချင်တယ်
Verse 2
လူတွေကို ငါခွင့်လွှတ်တတ်လာတယ်
တခါတရံ မျှော်လင့်သလောက် မဖြစ်ပေမယ့်
အမြဲတမ်း အရှုံးပေးနေတဲ့ ငါ့ကို
ချနင်းပြီး ဟားတိုက်လှောင်ဦးမလား
ခံနိုင်ရည်ရှိသော လူသားတစ်ယောက်ဖြစ်ချင်တယ်
Chorus 1
တကယ်ဆိုရင်လူ့ဘဝ တိုတောင်းလွန်းလှပါတယ်
စာနာစိတ်များ နည်းပါးမသွားစေနဲ့
ဘယ်သူတွေ တရားဖျက်ဖျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ
Solo
Verse 2
လူတွေကို ငါခွင့်လွှတ်တတ်လာတယ်
တခါတရံ မျှော်လင့်သလောက် မဖြစ်ပေမယ့်
အမြဲတမ်း အရှုံးပေးနေတဲ့ ငါ့ကို
ချနင်းပြီး ဟားတိုက်လှောင်ဦးမလား
ခံနိုင်ရည်ရှိသော လူသားတစ်ယောက်ဖြစ်ချင်တယ်
Chorus 2
တကယ်ဆိုရင်လူ့ဘဝ တိုတောင်းလွန်းလှပါတယ်
မာန်မာနများ ရန်ငြှိုးများ မရှိစေနဲ့
ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ
Bridge
လောကသစ္စာအမှန်ဆိုတာ ငုပ်လျှိုးလည်းခဏ
ယုံကြည်ရာဆီ အပြုံးမပျက်သွား
စာနာစိတ်ကလေးထား အခက်အခဲကြားမှာ
မသောက်ဘူး မိုးခါးရေများ
Chorus 2
တကယ်ဆိုရင်လူ့ဘဝ တိုတောင်းလွန်းလှပါတယ်
မာန်မာနများ ရန်ငြှိုးများ မရှိစေနဲ့
ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ
Outro
စာနာစိတ်ကလေးထား အခက်အခဲကြားမှာ
မသောက်ဘူး မိုးခါးရေများ
ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ
Speed1.0x
Key0