Original key: E
Intro
Verse 1
ကျွန်တော်ကြိုက်တဲ့ နံပြားကို မနက်မိုးလင်းတိုင်း
သူလေ ဈေးကဝယ်ပြီးတော့ အမေ့ကိုဝင်ပေးတယ်
သူသိပ်ချစ်လွန်းတော့လည်း ကျွန်တော့်အတွက် စိတ်ပိန်ရတယ်
သူဂရုစိုက်လွန်းတော့ ကျွန်တော့်အတွက် မလွတ်လပ်ဘူး တကယ်
ဘယ်လိုလုပ်ရမလဲ ကျွန်တော်မချစ်တော့ဘူး
သူ့ရင်ထဲက ဘာတွေ ဘယ်လိုခံစားနေ ကျွန်တော်မသိချင်
သူ့ချစ်စကားများ ဘာဘာညာညာ ကျွန်တော်မကြားချင်
ကျွန်တော်မသိချင် သူ့စိတ်ကူးများ ဘာတွေဘယ် မျှော်လင့်နေ
အခုလို ဟန်ဆောင်လိမ်ညာနေပြီး သူ့အချစ်ကို
ကျွန်တော်ဆက်ပြီး မလိုချင်တော့()ပြီ
Music
()
Verse 2
အကြံအဖန်များနဲ့ လှလွန်းသူ နှစ်ခါပြန် ကျွန်တော်မမက်ပါ
ဘာမဆို ငြီးငွေ့လွယ်လွန်းတယ် ကျွန်တော်ဟာ မပျော်တော့ပြီ
မင်းမေ့လိုက်တော့ သူ့ကိုကျွန်တော်မပြောရက်
သိပ်အစွဲအလန်းကြီးတဲ့သူ့ကို ကျွန်တော့်မှာ သနားလို့
ဘယ်လိုလုပ်ရမလဲ ကျွန်တော်မကြိုက်တော့ဘူး
သူ့ရင်ထဲက ဘာတွေ ဘယ်လိုခံစားနေ ကျွန်တော်မသိချင်
သူ့ချစ်စကားများ ဘာဘာညာညာ ကျွန်တော်မကြားချင်
ကျွန်တော်မသိချင် သူ့စိတ်ကူးများ ဘာတွေဘယ် မျှော်လင့်နေ
အခုလို ဟန်ဆောင်လိမ်ညာနေပြီး သူ့အချစ်ကို
ကျွန်တော်ဆက်ပြီး မလိုချင်တော့()ပြီ
Solo
()
Bridge
သူကျွေးတိုင်းစားခဲ့မိတဲ့ ကျွန်တော့်ရဲ့အမှားဟာ
ပြန်တွေးကြည့် အားနာတတ်တဲ့ ကျွန်တော့်ရဲ့အကျင့်ကြောင့်
ဘယ်လိုလုပ်ရမလဲ ကျွန်တော်မချစ်တော့ဘူး
သူ့ရင်ထဲက ဘာတွေဘယ်လိုခံစားနေ ကျွန်တော်မသိချင်
သူ့ချစ်စကားများ ဘာဘာညာညာ ကျွန်တော်မကြားချင်
ကျွန်တော်မသိချင် သူ့စိတ်ကူးများ ဘာတွေဘယ် မျှော်လင့်နေ
အခုလို ဟန်ဆောင်လိမ်ညာနေပြီး သူ့အချစ်ကို
ကျွန်တော်ဆက်ပြီး မလိုချင်တော့ပြီ လိမ်ညာကာ
ကျွန်တော်ဆက်ပြီး သူ့အချစ်ကို မလိုချင်တော့ပြီ...