
ခြေထောက်
Intro
Verse 1
ဒဏ်ရာတွေကိုမြင်သာအောင်
မကြေငြာတော့ဘူး
တိတ်တိတ်လေးပဲသိမ်းထားလိုက်မယ်
ငိုသံတွေဟာ တိမ်လိုလေလို
မပျံနိုင်တော့လည်း
မင်းလေးမသိတဲ့ငါ့ရဲ့မျက်ရည်
ကိုယ်ခံစားရတာကိုယ်ကိုယ်တိုင်ပဲသိတယ်
ဘယ်သူကိုယ်ချင်းစာပေးမှာလဲ
ငါ့နေရာထဲ
Verse 2
နွေလိုပူတယ်ဒီရင်ခွင်မှာကန္တာရပဲ
မင်းလေးပေးတဲ့ စိတ်ဒုက္ခတွေ
အချိန်တန်ရင်အချိန်တန်ရင်ပြန်လာပါလို့
မေးခွန်းလေးတွေ မေးဆဲပေါ့ကွယ်
ငါ့ဘဝကိုမင်းနားလည်ပါတယ်ဆို
အခု ဘာကြောင့်ထားခဲ့တာလဲ
ငါ့တစ်ယောက်ထဲ
အားငယ်တဲ့ အချိန်လေးပဲရှိရင်
ငါကျေနပ်တယ်
အိုမင်းကို
မစွန့်လွှတ်နိုင်သေးလို့
Chorus
မင်းလောက်ဘယ်သူ့မှမချစ်ခဲ့ပါဘူး
မင်းလောက်ဘယ်သူ့မှမလွမ်းခဲ့ပါဘူး
သတိရခြင်းရယ် စိတ်နာခြင်းရယ်
ရောထွေးနေတယ်
ငါ့ဘက်ကသာ လွမ်းနေရတာပါပဲ
သတိရတဲ့အကြောင်းတောင်မပြောခဲ့သူရယ်
တဖြည်းဖြည်းအတွေးရယ်စိတ်နာတယ်
ဆယ်ခါတစ်ခါ ပြန်မလာရင်
မေ့နိုင်အောင် ကြိုးစားပါမယ်...
အို...၀ိုး
music
ကိုယ်ခံစားရတာကိုယ်ကိုယ်တိုင်ပဲသိတယ်
ဘယ်သူကိုယ်ချင်းစာပေးမှာလဲ
ငါ့နေရာထဲ
အားငယ်တဲ့ အချိန်လေးပဲရှိရင်
ငါကျေနပ်တယ်
အိုမင်းကို
မစွန့်လွှတ်နိုင်သေးလို့
Chorus
မင်းလောက်ဘယ်သူ့မှမချစ်ခဲ့ပါဘူး
မင်းလောက်ဘယ်သူ့မှမလွမ်းခဲ့ပါဘူး
သတိရခြင်းရယ် စိတ်နာခြင်းရယ်
ရောထွေးနေတယ်
ငါ့ဘက်ကသာ လွမ်းနေရတာပါပဲ
သတိရတဲ့အကြောင်းတောင်မပြောခဲ့သူရယ်
တဖြည်းဖြည်းအတွေးရယ်စိတ်နာတယ်
ဆယ်ခါတစ်ခါ ပြန်မလာရင်
မေ့နိုင်အောင် ကြိုးစားပါမယ်...
အို...၀ိုး
Speed1.0x
Key0