
ဝဠ်ကြွေး
Verse 1
ငါ့ရင်ဘတ်ထဲက ..
မျိုချထားတဲ့ သိက္ခာများ
မင်းမာနတရားလေးတွေကဆေးချယ်
နင်သတိရတိုင်း အသုံးပြုပါတော့
မကြာခင်သဲထဲနစ်မယ့်အသည်း
မင်းလက်ခုပ်ထဲကရေပဲငါအသည်းဟာ
ဖြည်းဖြည်းလေးခွဲပါတော့ရင်ကွဲ
Pre-Chorus
သေရာပါစေဒဏ်ရာတွေများ
မင်းပေးခဲ့တာလား
ငါ အငိုက်မိခဲ့ရ သူပဲ
အော်နာကျင်ပါစေဒဏ်ရာတွေအား
သိမ်းကြုံး ပေးခဲ့ဖူးတယ်
အိုမင်း မှတ်မိနိုင်မလား
မျက်နှာချင်းဆိုင်လမ်း မှာ
Chorus
တို့နှစ်ယောက် မတွေ့ခဲ့ရင်ကောင်းမယ်
ငါလည်းအသည်းကွဲဖို့ရာ မရှိဘူး
နောက်ဆုံးပေးခဲ့ဖူးတဲ့ လွမ်းတဲ့ဆေး
ဝဋ်ကြွေး တွေအတွက်
အစကတို့ မတွေ့ခဲ့ရင်ကောင်းမယ်
ငါလည်းစွဲလမ်းဖို့ မသေချာဘူး
နောက်ဆုံးပေးခဲ့ဖူးတဲ့ လွမ်းတဲ့ဆေး
ဝဋ်ကြွေး တွေအတွက်
ကျေပါစေ တော့ကွယ်
Verse 3
ကျိုးပဲ့သွားတဲ့ မျှော်လင့်ချက်များက
အစား ထိုးဖို့ မလွယ်ဘူး
ငါမင်းကိုပေးဆပ်ထားတဲ့ အိပ်မက်များရှေ့
လဲခွေ
နင်သတိရတိုင်း အသုံးပြုပါတော့
မကြာခင်သဲထဲနစ်မယ့်အသည်း
မင်းလက်ခုပ်ထဲကရေပဲငါအသည်းဟာ
ဖြည်းဖြည်းလေးခွဲပါတော့ရင်ကွဲ
Chorus
တို့နှစ်ယောက် မတွေ့ခဲ့ရင်ကောင်းမယ်
ငါလည်းအသည်းကွဲဖို့ရာ မရှိဘူး
နောက်ဆုံးပေးခဲ့ဖူးတဲ့ လွမ်းတဲ့ဆေး
ဝဋ်ကြွေး တွေအတွက်
အစကတို့ မတွေ့ခဲ့ရင်ကောင်းမယ်
ငါလည်းစွဲလမ်းဖို့ မသေချာဘူး
နောက်ဆုံးပေးခဲ့ဖူးတဲ့ လွမ်းတဲ့ဆေး
ဝဋ်ကြွေး တွေအတွက်
ကျေပါစေ တော့ကွယ်
Speed1.0x
Key0