Original key: C
Intro
Verse 1
ကမ်းမမြင် လမ်းမမြင် ရေပြင်ကျယ်ထဲ နေလုံးကြီး တိုးဝင်သွားတော့မယ်
မနေ့ကအတိုင်း ငါနာကျင်တယ် ဒီကျွန်းကြီး သက်သေပြုလိမ့်မယ်
မင်းပြောတဲ့ မြို့ပြဆိုတာလည်း တစ်သက်နဲ့တစ်ကိုယ် မရောက်ဖူးတယ်
မိုးထိလုဆောက်တဲ့ အိမ်တွေနဲ့ တန်ဖိုးများစွာ ရှိလွန်းသတဲ့
ဟန်ဆောင်တတ်တဲ့ မျက်နှာနဲ့ မုသားစကား ပါးစပ်မှာကြွယ်
တစ်မြို့လုံးက အပြုံးတွေဟာ မာယာများ သတဲ့
အံ့အားသင့်ကြီးစွာနဲ့ နင်ပြောသမျှ နားထောင်ရင်း
ညလုံးပေါက် မီးပုံနံဘေး အတူထိုင်ဖူးတယ်...
Verse 2
ကိုယ်ရဲ့ကျွန်းကို အလည်လာတဲ့ သူပြန်ရတော့မယ့် အချိန်ရောက်ပေါ့ကွယ်
အတွင်းမကြေဘူးလို့ ဟန်ဆောင်လည်း အပြင်ဘက်က လဲပြိုကျလို့ရယ်
နှုတ်ဆက်တဲ့ စကားတို့ မဆိုပါနဲ့ မောင့်မျက်ရည် လွယ်လွန်းတယ်
နှစ်သိမ့်တဲ့ အကြည့်တို့ အပိုပါပဲ ကျောခိုင်း နင်ထွက်သွားကွယ်
ဟန်ဆောင်တက်တဲ့ မျက်နှာနဲ့ မုသားစကား ပါးစပ်မှာကြွယ်
နင်လည်းပဲ သူတို့လိုပဲ မာယာများတယ်
အံ့အားသင့်မိပါရဲ့ ငါမစဉ်းစားတတ်ပါတကယ်
နင်ပြောတဲ့ အချစ်ဆိုတာ ဘယ်လိုများလဲ...
Chorus
ပင်လယ်လှိုင်းတွေနဲ့ နင်ပြန်လာခဲ့ သောင်ပြင်စပ်မှာ အလွမ်း ခြေရာတွေနဲ့
လှေငယ်တစ်စင်း ဟိုအဝေးမှာ မြင်ယောင်တိုင်း နင်ပါမလားလို့ အပြေးငါကြိုမိ
ပင်လယ်လှိုင်း တွေနဲ့ နင်ပြန်လာခဲ့ သောင်ပြင်စပ်မှာ အလွမ်းခြေရာတွေနဲ့
လှေငယ်တစ်စင်း ဟိုအဝေးမှာ မြင်ယောင်တိုင်း နင်ပါမလားလို့ အပြေးငါကြိုနေမိတယ်
Music
Verse 3
တစ်ယောက်တစ်မြေခြားစီ မိုင်တွေဝေး ငှက်ကလေးပဲ ဖြစ်ချင်မိတော့တယ်
အတောင်ကျိူးပါစေ မိုးလေထန်နေလည်း နင်ရှိမယ့်အရပ် ငါလိုက်ခဲ့မယ်
စိတ်ကူးနဲ့ ရွက်လွင့်ခဲ့ဖူး ခဏတစ်ဖြုတ် နင်ပြန်လာတောင် ကျေနပ်သူ
ဒီပင်လယ်ကြီးထဲ လက်ပစ်လို့ကူး လှမ်းခဲ့မယ် အခု
ငါအရူးမီးဝိုင်းနေတယ် ပြန်ခဲ့ပေါ့ လှိုင်းတွေနဲ့ ရင်ကွဲမတတ် နင့်နာမည်အော်ခေါ်မိတယ်
မတည်မြဲတဲ့ လူ့ဘဝထဲ အတည်မြဲဆုံး အချစ်တွေက
အရာတိုင်းထက် အဖိုးတန်တာ နင်သိသားနဲ့...

Ending