Pro Chord LogoPro Chord
Guitar TunerChord Library

All artists

ABCDEFGHIJKLMNOPQRSTUVWXYZ

Get the app

Pro Chord for iPhone, iPad, and Android.

Pro Chord LogoPro Chord

The ultimate Myanmar guitar chord & tab platform. Learn songs, tune your guitar, and explore chords — all in one beautifully crafted place.

Tools

Guitar TunerChord LibraryMy Setlists

Legal & Policies

SupportPrivacy PolicyTerms of Service

© 2026 Pro Chord. All rights reserved.

Crafted withfor Guitarists
Pro Chord home
တစ်ယောက်တည်းသတ်ချင်တယ် cover

တစ်ယောက်တည်းသတ်ချင်တယ်

G Fatt

Original key: D

Original Key - Gb
Intro
Chorus
သစ်ရိပ်ဝါးရိပ်ရောက်သလို  မင်းရဲ့မျက်နှာမြင်ရင်  ငါအေးချမ်းနေတယ်
မင်းရည်းစားအကြောင်းတွေးမိတိုင်း  သရဲသဘက်စီးသလို  စိတ်တွေကဖောက်ဖောက်လာတယ်
 ဟောဒီတိုင်းပြည်ထဲ  ပုဒ်မ ၃၀၂ မရှိရင်ကွယ်  ငါတစ်ယောက်ပဲ သတ်ချင်တယ်
Music
Verse 1
 သူပိုင်ရှင်ရှိနေတာပဲ  မင်းလက်လျှော့လိုက်သင့်ပါပြီတဲ့
 သူငယ်ချင်းတွေကဆဲ  ဒီအချိန်ဆို နင့်ဘဲလည်း ဒေါသထွက်နေတော့မယ်
 ငါဘာတတ်နိုင်မှာလဲ  အသုံးမကျတဲ့ ဒီကံကြမ္မာကြီးထဲ
 လူလာဖြစ်တည်တာလည်း  နင့်ကိုတစ်ဖက်သတ်ချစ်ဖို့ပဲ
Verse 2
 အဲ့လိုအစွန်းရောက်နေတဲ့အပြင်  ဘုရားကြွကာ တရားချတောင်  ကျွတ်ဖို့လမ်းမမြင်
 နင်ကမယ်သီတာ  ဝင်စားထားသလား ငါကဒဿလိုဘဝ
 သူ့ကိုသိပ်ချစ်တယ်ပေါ့  နင်ငါ့ကျသူငယ်ချင်းလိုလေးတောင်  အရောမဝင်
 ကိုကိုသဝန်တိုမှာစိုးလို့တဲ့လား  ဒီစကားများ  ဓားလိုရှ

  ​0  0 0
Rap (Round Chords - |D|D|G|G|Em|Em|A|A| )
ပုဒ်မ ၃၀၂ ဥပဒေရဲ့အောက်က မြန်မာသူပြည်သားဖြစ်နေလို့
မဟုတ်ရင် နင့်ဘဲကိုသတ်ပြီးသားပဲ ဒါသူသိမလား အချစ်‌ရေ
ဘက်မလိုက်ဘဲ ငါတို့နှစ်ယောက်စလုံးကို သာတူညီမျှအခွင့်အရေး
နင်ပေးပါတော့ တစ်လောကလုံးအမြင်မှာ ငါကြာကူလီဘဝဖြစ်ပါစေ
အဲ့လိုတစ်ဖက်သတ် အချစ်တွေနဲ့ အစွန်းရောက်သွားသလား
ရောက်နေတဲ့ အစွန်းချောက်နားက လက်ကမ်းမကယ်တင်တဲ့အပြင်
နင်တွန်းတောင်ချတာ ဘုရင်ကြီးပျော်ဖို့ချကျွေးခံလိုက်ရတဲ့ ပွန်းတစ်ကောင်ဘဝပါ
ဒါပေမယ့် ဘုရင်မဆီရောက် စာနာတဲ့ စကားလေးတစ်ခွန်းလောက်ရမလား
Facebok မှာ ပရိသတ်တွေ မျက်စိနောက်လောက်အောင် တစ်ခါတစ်ခါဖီးလ်တာမျိုး
ကိုယ့်လက်ကို ဘလိတ်ဓားနဲ့ မညှာမတာလှီးတာမျိုး
လုပ်ပြလို့ ရူးတယ်ထင်ရင်လည်း ခင်များတို့ ကျွန်တော့်ကိုရွာသာကြီးသာပို့
ကျွန်တော်က သူမ သနားမျက်လုံးတွေနဲ့ လာလာကြည့်တာကိုပဲ သာယာမိတာဗျို့
ငါ့ကိုသနားပေမယ့် နင့်ဘဲနဲ့ အချစ်ရေး မပြေလည်မှာလည်းကြောက်
ဟုတ်တယ်မလား ငါကနင်မချစ်တဲ့ကံနဲ့ သန္ဓေတည်လာတဲ့ကောင်
ဒါကြောင့်သေရင်တောင် မကျွတ်တဲ့ တယူသန်အချစ်များ
သေပြီးနောက်ဘဝ နင်ပြန်ချစ်မယ့်ကံနဲ့ လူပြန်ဝင်စားချင်
Verse 1
 သူပိုင်ရှင်ရှိနေတာပဲ  မင်းလက်လျှော့လိုက်သင့်ပါပြီတဲ့
 သူငယ်ချင်းတွေကဆဲ  ဒီအချိန်ဆို နင့်ဘဲလည်း ဒေါသထွက်နေတော့မယ်
 ငါဘာတတ်နိုင်မှာလဲ  အသုံးမကျတဲ့ ဒီကံကြမ္မာကြီးထဲ
 လူလာဖြစ်တည်တာလည်း  နင့်ကိုတစ်ဖက်သတ်ချစ်ဖို့ပဲ
Verse 2
 အဲ့လိုအစွန်းရောက်နေတဲ့အပြင်  ဘုရားကြွကာ တရားချတောင်  ကျွတ်ဖို့လမ်းမမြင်
 နင်ကမယ်သီတာ  ဝင်စားထားသလား ငါကဒဿလိုဘဝ
 သူ့ကိုသိပ်ချစ်တယ်ပေါ့  နင်ငါ့ကျသူငယ်ချင်းလိုလေးတောင်  အရောမဝင်
 ကိုကိုသဝန်တိုမှာစိုးလို့တဲ့လား  ဒီစကားများ  ဓားလိုရှ
Chorus
သစ်ရိပ်ဝါးရိပ်ရောက်သလို  မင်းရဲ့မျက်နှာမြင်ရင်  ငါအေးချမ်းနေတယ်
မင်းရည်းစားအကြောင်းတွေးမိတိုင်း  သရဲသဘက်စီးသလို  စိတ်တွေကဖောက်ဖောက်လာတယ်
 ဟောဒီတိုင်းပြည်ထဲ  ပုဒ်မ ၃၀၂ မရှိရင်ကွယ်  ငါတစ်ယောက်ပဲ သတ်ချင်တယ်
Ending
‎

Chords in this song

D
Strings from low E to high E: muted, muted, open, fret 2, fret 3, fret 2.
G
Strings from low E to high E: fret 3, fret 2, open, open, fret 3, fret 3.
Em
Strings from low E to high E: open, fret 2, fret 2, open, open, open.
A
Strings from low E to high E: muted, open, fret 2, fret 2, fret 2, open.
Speed1.0x
Key0