Original key: G
Intro
Verse 1
ဒီတောင်ကြီးရဲ့တစ်ဖက် ဒီနေမင်းကြီး ဝင်သွားရင်
နင်ပြန်မလာတော့မယ့် တစ်ရက် ငါ့ပြက္ခဒိန်ထဲတိုးပြီ
နယ်မြို့လေးရဲ့ရနံ့ နင်ဟာမေ့လျော့နေလောက်ပြီ
လူကုံတန် အသိုင်းအဝိုင်းများရဲ့ ရေမွှေးနံ့တွေရောပြီး
Chorus 1
ထင်းရှူးတောလေးတွေက နင်ပြန်မယ့်နေ့ကို မေးနေပြီ
ဘယ်တော့လောက် မင်းရောက်လာမလဲ ဒီစိုက်ခင်းလေးတွေ
ဆွေးနေပြီ နင်ပဲစဉ်းစားကြည့် ငါဆိုဘယ်လောက်တောင်
ဝမ်းနည်းပြီ မင်းမရှိတဲ့ရာသီ
Music
Verse 2
အိမ်အိုလေးရဲ့အသက် နင့်ရယ်သံလေးများ ပြန်ကြားမိ
မြူတွေဆိုင်းတဲ့ မနက် မင်းလျှောက်နေကျ လမ်းဆီ
ဂစ်တာလေး တစ်လက်လက်နဲ့ ကော်ဖီလေးတစ်ခွက်ဆို လုံလောက်ပြီ
ငါတစ်ယောက်ထဲပေါ့ နင်ကြိုက်လွန်းသော သီချင်းများညည်း
Chorus 2
ကျေးငှက်လေးများစွာက နင့်ကိုယ်စားသီချင်းတွေ
လိုက်ဆိုသည် ခွေးသေးသေးလေးတွေလည်း
အစာကျွေးဖို့ နင်မေ့နေလောက်ပြီ စဉ်းစားကြည့်
အမေဆို ဘယ်လောက်တောင် လွမ်းမလဲမသိ
မင်းမရှိတဲ့ရာသီ...
Rap (Round Chords - |G|C|Am|D| )
နင်ကြိုက်တဲ့ ကိုရီးယားအခွေထဲကလို နှင်းတွေ ယိုစီးကျနေတဲ့ ငါ့တို့မြို့လေး
မနှစ်က ဆောင်းတွင်းထက်တောင် ပိုပြီးလှနေတယ်
ငါကြိုပြီး တားနေတဲ့ကြားက ရည်းစားတွေ လျှိူပြီးထားမနေနဲ့
ဒီနယ်မြို့လေးကကောင် ဘယ်စိတ်ချမှာလဲ အဲ့ဒီမြို့ကြီးသားတွေနဲ့
ဟိုးကောင်းကင်ယံမှာ တစ်ခြမ်းလင်းတဲ့ လ သာတဲ့ညဆို မီးပုံဘေးမှာ အနမ်းချင်းဖလှယ်ကြ
မနက်ဆို အတူရှမ်းထမင်းနယ်စား ညနေ ပန်းခင်းအလည်သွား
နေ၀င်ချိန်တွေကြည့် တစ်ယောက်ကတစ်ယောက်အပေါ် အရမ်းချစ်တဲ့ဘဝ
မျက်စိအောက်က အပျောက်အရှမခံတွဲခဲ့တဲ့ ကာလမျိူး
ပညာရှာမှာမို့ ငါတို့ခွဲလည်း နည်းနည်းပဲကြာမှာဆို
လက်ကိုဆုပ်ကိုင် မျက်ရည်တဝဲဝဲနဲ့ ငါသာငို
အဲ့နေ့ကတည်းကစပြီး ကျွန်တော် အသည်းကွဲခဲ့တာပါဗျို့
နင်ပြန်လာရင် လက်ထပ်မှာလို့ ကြွားပြီးရွှီးတာနဲ့
ဒီမြို့ကလူတွေ ငါ့ကိုဝိုင်းပြီး သနားကြည့်ကြည့်တာပဲ
အလုပ်တွေလုပ် ငါ့မှာ ပိုက်ဆံတွေအများကြီးရှိလာတဲ့
တစ်နေ့ကျ ငါနင့်ဆီကို ရထားကြီးစီးလာမယ်
ရထားကြီးစီးလာခဲ့မယ် ရထားကြီးစီးလာမယ်
Chorus 2
ကျေးငှက်လေးများစွာက နင့်ကိုယ်စားသီချင်းတွေ
လိုက်ဆိုသည် ခွေးသေးသေးလေးတွေလည်း
အစာကျွေးဖို့ နင်မေ့နေလောက်ပြီ စဉ်းစားကြည့်
ငါဆို ဘယ်လောက်တောင် လွမ်းမလဲမသိ
မင်းမရှိတဲ့ရာသီ...မင်းမရှိတဲ့ရာသီ...
Ending