Original key: E
Intro
Verse 1
နွေလရိပ်ပြာ အိပ်မက်များနဲ့ ကိုယ်ထင်ပြသူရေ
ညဘက်ဆို တိတ်တခိုးနဲ့ ငါ့ရင်ထဲတိုးကာဝင်လာသလို
ငါ့အသည်းနှလုံးကို လာလှည့်စားရင်း ရင်ခွင်နွေးစေရုံ
Pre Chorus
ဘယ်အချိန်ထိဆွေးနေရမှာလဲ တို့ဝေးနေကြမှာလဲ
ငါ့ရဲ့အိပ်ချိန်များစွာထဲ အလွမ်းများပဲ ပေးခဲ့သူရယ်
Chorus
ကယ်တင်ပါဦး ကျရှုံးနေရပြီအချစ်ရေ
အရမ်းအလှမ်းဝေးတဲ့ ညအလယ် အသည်းကွဲသီချင်းတွေဆို
လာကယ်တင်လှည့်ဦး ကြေကွဲစွာ ကောင်းကင်ထဲအထိ
ယောင်ယမ်းကာ လှမ်းခေါ်ခဲ့မိ မင်းကမသိလေသလို
တမ်းတသူတစ်ယောက်ဆီ အလွမ်းများပဲ ပေးခဲ့သူရယ်
Verse 2
မင်းဖန်ဆင်းထားတဲ့ ပုံပြင်များ အလယ်မှာ ㅤငါကြွေခဲ့ပြီ
ပုံရိပ်တို့ဟာ မှုန်ရီဝိုးတဝါး ဟိုးအဝေးထိ ထွက်အသွားမှာ
အမြဲလိုလန့်လန့်နိုး ညက တိတ်ဆိတ်နေတုန်း
နှလုံးသားကိုလည်း အလွမ်းများပဲ ပေးခဲ့သူရယ်
Chorus
ကယ်တင်ပါဦး ကျရှုံးနေရပြီအချစ်ရေ
အရမ်းအလှမ်းဝေးတဲ့ ညအလယ် အသည်းကွဲသီချင်းတွေဆို
လာကယ်တင်လှည့်ဦး ကြေကွဲစွာ ကောင်းကင်ထဲအထိ
ယောင်ယမ်းကာ လှမ်းခေါ်ခဲ့မိ မင်းကမသိလေသလို
တမ်းတသူတစ်ယောက်ဆီ အလွမ်းများပဲ ပေးခဲ့သူရယ်
Solo
Chorus
ကယ်တင်ပါဦး ကျရှုံးနေရပြီအချစ်ရေ
အရမ်းအလှမ်းဝေးတဲ့ ညအလယ် အသည်းကွဲသီချင်းများ ဆို
လာကယ်တင်လှည့်ဦး ကြေကွဲစွာ ကောင်းကင်ထဲအထိ
ယောင်ယမ်းကာ လှမ်းခေါ်ခဲ့မိ မင်းကမသိလေသလို
တမ်းတသူတစ်ယောက်ဆီ အလွမ်းများပဲ ပေးခဲ့သူရယ်
အလွမ်းများပဲ ပေးခဲ့သူရယ်