Original key: A
Verse 1
ချစ်တတ်ဖို့ ကြိုးစားခဲ့တာလည်း ငါ့ဘဝတစ်ဝက်ကျိုးလုနီးပြီပဲ
အဖော်မဲ့နေ့တွေ တစ်ယောက်တည်းညတွေ တစ်ကောင်ကြွက်ပေါ့လေ
Verse 2
အချစ်ငတ်လို့ကျတဲ့မျက်ရည်လည်း နှလုံးသားထဲ ပြည့်လုနီးပြီပဲ
အပျော်မဲ့နေ့တွေ အရောင်မဲ့ညတွေ တစ်ကောင်ကြွက်ပေါ့လေ
Chorus 1
အိုး ဘယ်ဆီမှာလဲ ငါ့ရဲ့အသိုက်အမြုံလေး ဘယ်ဆီမှာလဲ
ငါ့အတွက် ရင်ငွေ့နွေး အချိန်တွေ အလိုလိုဖြုန်းတီးနေ
သောကတွေ မျှောချဖို့သက်ပြင်းလေး အကြိမ်ကြိမ်ရှိုက်ရင်းလေ
Verse 3
ဒုက္ခတို့စားသုံးခဲ့တာလည်း ငါ့ဘဝ တစ်ဝက်ကျိုးလုနီးပြီပဲ
အဖော်မဲ့နေ့တွေ သံသရာသိပ်ရှည် အမြန်ဆုံး ကုန်ဆုံးလွန်မြောက်ပါစေဟေ့
Chorus 2
ဘယ်ဆီမှာလဲ ငါ့မိသားစုလေး ဘယ်ဆီမှာလဲ
ငါ့အတွက် ရင်ငွေ့နွေး အိမ်ပြန်ချိန်ကြိုမယ့် အပြုံးလေးတွေ အိပ်မက်နေ
အသက်ဆက်ဖို့ ချစ်ခြင်းတွေ တကယ်ကိုလိုအပ်နေ
ငါ့မနက်စာဖြစ်သလိုပဲလေ ငါ့တစ်ညတာ အလင်းဆိုင်လေးတွေရှေ့
ဟေး ငါ့မနက်ဖြန်ဖြစ်သလိုပဲလေ အမှားနဲ့အမှန် လမ်းညွှန်ပေးသူ မရှိသေးသရွေ့
Chorus 1
အိုး ဘယ်ဆီမှာလဲ ငါ့ရဲ့အသိုက်အမြုံလေး ဘယ်ဆီမှာလဲ
ငါ့အတွက် ရင်ငွေ့နွေး အချိန်တွေ အလိုလိုဖြုန်းတီးနေ
သောကတွေ မျှောချဖို့သက်ပြင်းလေး အကြိမ်ကြိမ်ရှိုက်ရင်းလေ
Chorus 2
ဘယ်ဆီမှာလဲ ငါ့မိသားစုလေး ဘယ်ဆီမှာလဲ
ငါ့အတွက် ရင်ငွေ့နွေး အိမ်ပြန်ချိန်ကြိုမယ့် အပြုံးလေးတွေ အိပ်မက်နေ
အသက်ဆက်ဖို့ ချစ်ခြင်းတွေ တကယ်ကိုမျှော်လင့်နေ
ချစ်ခြင်းတွေ တကယ်ကိုမျှော်လင့်နေ အိုး ဝိုး