Original key: F
Intro
Verse 1
မနေ့တစ်နေ့ကတည်းက ရသင့်ခဲ့တဲ့ နေရောင်များ
ဒီနေ့မှရတော့မယ် မှားမှား မှားမှား မှား
မနေ့တစ်နေ့ကတည်းက ဖတ်သင့်ခဲ့တဲ့ သတင်းစာလည်း
ဒီနေ့မှဖတ်ရတယ် နောက်ကျသွားလို့တဲ့
Pre Chorus
အမြဲတမ်းပိတ်ထားခဲ့တဲ့ ငါ့ရဲ့အခန်းနဲ့
အမြဲတမ်းပျောက်တဲ့သော့ ဒီအချိန်တံခါးပိတ် အိမ်အပြင်ထွက်ပြီး
Chorus
ရန်ကုန်မြို့ထဲလမ်းတွေလျှောက် ရန်ကုန်မြို့ထဲလမ်းတွေပျောက်
ဘယ်သူလဲ နင်ဘယ်ကိုလဲ အလိုက်သိစွာကွယ် မေးမယ့်သူမရှိဘူး

ဘယ်ကိုလဲ နင်ဘယ်သူလဲ ကိုယ်ပိုင်လွတ်လပ်ရေးနဲ့ မေးမယ့်သူတောင်မရှိတော့ဘူး
Solo
Verse 2
မနေ့တစ်နေ့ကတည်းက စားသင့်ခဲ့တဲ့ ငါ့မနက်စာ
မနက်မှစားရမယ် အေးစက်သွားခဲ့ပြီ
မနေ့တစ်နေ့ကတည်းက ချစ်သင့်ခဲ့တဲ့ ငါ့အချစ်တွေ
ဟောင်းနွမ်းသွားခဲ့ပြီ နောက်ကျသွားလို့လေ