Original key: C
Intro
Verse 1
အနီးဆုံးလို့တွေးထားခဲ့တာတွေ အဝေးဆုံးလို့ သိလိုက်ရချိန်လေ
နှလုံးသား တဖြည်းဖြည်းပျက်ကာကြွေ
မင်းချစ်တဲ့အရောင်အဆင်းက အဖြူလေ
တို့ချစ်တဲ့အရောင်အဆင်းလည်း အဖြူလေ
အခုတော့မနီးစပ်နိုင် အလှမ်းဝေး
Chorus
အဖြူနဲ့အဖြူပဲ ㅤဒါပေမယ့် အလှမ်းဝေး
အခြေအနေခြားနေ ပေါင်းစပ်မရနိုင်ပေ တို့နှစ်ယောက်လေ
Music
Verse 2
မင်းအချစ်ကတောက်ပတဲ့စိန်တွေ ငါ့အချစ်က လွတ်မြောက်တဲ့တိမ်တွေ
တဖြည်းဖြည်းချင်း စိတ်ကနားလည်နေ
နှုတ်ဆက်ဦးသွားတော့ တိမ်တွေ တောက်ပခြင်းနဲ့ မင်းရပ်လို့ကျန်နေ
လုံးဝမနီးစပ်နိုင် အလှမ်းဝေး
Chorus
အဖြူနဲ့အဖြူပဲ ㅤဒါပေမယ့် အလှမ်းဝေး
အခြေအနေခြားနေ ပေါင်းစပ်မရနိုင်ဟေ့
အဖြူနဲ့အဖြူပဲ ㅤနင်ဟာစိန်ပွင့်လေး အဖြူရောင်ပဲလေ
တို့ကမိုးတိမ်ဟေ့ မနီးစပ်လေ
Solo
နင့်ဘက်မှာရော ငါ့ဘက်အတိုင်း အမှားမရှိဘူးလေ
တို့နှစ်ယောက်ဘဝများ ပေါင်းစပ်မရရုံလေး
Chorus
အဖြူနဲ့အဖြူပဲ ㅤဒါပေမယ့် အလှမ်းဝေး
အခြေအနေခြားနေ ပေါင်းစပ်မရနိုင်ဟေ့
အဖြူနဲ့အဖြူပဲ ㅤနင်ဟာစိန်ပွင့်လေး အဖြူရောင်ပဲလေ
တို့ကမိုးတိမ်ဟေ့ မနီးစပ်လေ
Ending