Original key: F
Intro
Verse 1
တစ်ကိုယ်ရည် ညအတွေးများ တိမ်စိုင်တိမ်လိပ်များ
ချဲ့ကားဆဲ သဘောနဲ့ စကြဝဠာ မီးမှိတ်ထားတဲ့ ဝရန်တာ
အားလုံးနဲ့ ငါကင်းကွာနေတဲ့ ခဏ
Pre Chorus
ငါမျက်ရည်ကျမိလား ရရှိတဲ့ အမာရွတ်လေး စမ်းသပ်ကာ
မသိစိတ်နဲ့ လေလိုနှင် အဆုံးအစမဲ့ အာကာပြင်
Chorus
အဝေး...ငါပျံသန်းပြေးထွက်ချင်တာ အဖော်မပါပဲ
ရှေ့ဆက်ချင်တာ ဒီဘဝအကြောင်း မေ့တဲ့နေရာ
အိုး အဝေး... ငါတစ်ယောက်တည်း လွတ်မြောက်ချင်တာ
လေအဟုန်ထဲ လွင့်ပျောက်ချင်တာ အတိတ်အကြောင်း
မရှိတဲ့နေရာ အိုး အဝေး...
Music
Verse 2
တစ်ကိုယ်ရည်ည အတွေးများ မရည်ရွယ်ပဲ ဆွေးလာ
ပုဝါပါးဖုံးထားတဲ့ မျက်လှည့်များ သိခွင့်ရလိုက်ချိန်မှာ
မှားယွင်းခဲ့တာ ဘဝ ကိုယ်တိုင်ပဲလား
Pre Chorus 2
အဖြေမရှိတဲ့ မေးခွန်းများ လေးလွန်းတဲ့ အာရုံထဲမွန်းတဲ့အခါ
မသိစိတ်က လေလိုနှင် အဆုံးအစမဲ့ အာကာပြင်
Chorus
အဝေး...ငါပျံသန်းပြေးထွက်ချင်တာ အဖော်မပါပဲ
ရှေ့ဆက်ချင်တာ ဒီဘဝအကြောင်း မေ့တဲ့နေရာ
အိုး အဝေး... ငါတစ်ယောက်တည်း လွတ်မြောက်ချင်တာ
လေအဟုန်ထဲ လွင့်ပျောက်ချင်တာ အတိတ်အကြောင်း
မရှိတဲ့နေရာ အိုး အဝေး...
Solo
Chorus
အဝေး...ငါပျံသန်းပြေးထွက်ချင်တာ အဖော်မပါပဲ
ရှေ့ဆက်ချင်တာ ဒီဘဝအကြောင်း မေ့တဲ့နေရာ
အိုး အဝေး... ငါတစ်ယောက်တည်း လွတ်မြောက်ချင်တာ
လေအဟုန်ထဲ လွင့်ပျောက်ချင်တာ အတိတ်အကြောင်း
မရှိတဲ့နေရာ အိုး အဝေး...
Ending
ပျံသန်းပြေးထွက်ချင်တာ ရှေ့ဆက်ချင်တာ
ဘဝအကြောင်း မေ့တဲ့နေရာ
အဝေး... တစ်ယောက်တည်း လွတ်မြောက်ချင်တာ
လွင့်ပျောက်ချင်တာ အတိတ်အကြောင်း
မရှိတဲ့နေရာ အဝေး
( လူတွေဝေးရာ အို အဝေးတစ်နေရာ )