Original key: B
Intro
Verse 1
အိမ်အပြန်လမ်း ဝေဒနာတွေ အလွမ်းတွေပွေ့ချီ ဝေးပြီ
ဒီတစ်ကြိမ်အနမ်း ပြန်မဆုံမှန်း အရိပ်အခြေ သူပေးပြီ
Pre Chorus
နီးစပ်ဖို့အတွက် ကြိုးစားပေမယ့် ဝေးလွန်းလှတဲ့ တို့ဘဝတွေရယ်
အဆုံးသတ်မျက်ရည်တွေပဲအဖြေ အစောကြီးကတည်းက သိနှင့်ပေမယ့်
ထိန်းလို့မရတဲ့ နှလုံးသားအလိုအတွက် ဦးစားပေးချင်တော့လည်းလေ
Chorus
အိမ်ပြန်ချိန်ရောက်ခဲ့ပေါ့ကွယ် နေဝင်တာစောလွန်းတယ်
ကိုယ်စီတို့အလွမ်းများနဲ့ ဒီဘဝမှာတော့ ဒီလောက်ပါပဲ
အချိန်တန်ပြီ ခွဲရတော့မယ် ဒီတစ်ကြိမ်နောက်ဆုံးပဲ
အရင်လိုချစ်တမ်းကစားဖို့ရယ် ဒီဘဝမှာတော့ ဒီလောက်ပါပဲ
Music
Verse 2
အိမ်အပြန်လမ်း ဝေဒနာတွေ အလွမ်းတွေ တပွေ့ကြီးပိုက်ထွေးပြီး
ဒီတစ်ကြိမ် နောက်ဆုံးအနမ်း ပြန်မဆုံကြစတမ်း တို့တတွေ တကယ်ဝေးပြီ ဟေး
Pre Chorus
အစွမ်းရှိသလောက်တော့ ကြိုးစားပေမယ့် အလှမ်းဝေးလွန်းတော့ တို့ရဲ့ကံပဲ
မေ့ပစ်တော့ အတိတ်တွေ နင်ပျော်အောင်နေ အစောကြီးကတည်းက သိနှင့်နေလည်း
နှလုံးသားရဲ့အလိုလိုက်ခဲ့မိတဲ့ ငါ့ရဲ့အပြစ်တွေပါပဲလေ
Chorus
အိမ်ပြန်ချိန်ရောက်ခဲ့ပေါ့ကွယ် နေဝင်တာစောလွန်းတယ်
ကိုယ်စီတို့အလွမ်းများနဲ့ ဒီဘဝမှာတော့ ဒီလောက်ပါပဲ
အချိန်တန်ပြီ ခွဲရတော့မယ် ဒီတစ်ကြိမ်နောက်ဆုံးပဲ
အရင်လိုချစ်တမ်းကစားဖို့ရယ် ဒီဘဝမှာတော့ ဒီလောက်ပါပဲ
Solo

ဒီဘဝမှာတော့ ဒီတစ်ခါနောက်ဆုံးပဲ