Original key: E
Intro
Verse 1
ချစ်သူ့ဆီကို တောင်ပံဖြန့်ကျက်လို့ သွားချင်တယ်
ဘယ်ဆီ ဘယ်ဝယ်မှန်းလည်း အတတ်မသိ
ဒီသီချင်းသံကိုကြားရင် နင်မငိုပါနဲ့
ပြေးထွက်လို့ နှလုံးသား ဖွင့်ကြိုနေ
Verse 2
တကယ်ဆို အချိန်တွေကြာရှည်ဝေးမှ တို့သိလာ
ရင်မှာမင်းလေးပဲ ချစ်နေတယ် နောက်ထပ်မရှိနိုင်တော့
ကိုယ်ဟာ အစွဲအလန်းကြီးသူပါ မင်းကိုခွဲလို့မရ
အချိန်ရှိတိုင်းပဲ အို ပြန်ဆုံရန်စဉ်းစား
Chorus
အချစ်လေး စောင့်လို့ကြိုနေတော့ တို့နောက်ထပ်ဝေးမသွားရဘူး
ရင်ကိုဖွင့်လို့ကြိုနေတော့ ဒီလူဟာပြန်လာခဲ့
ကိုယ်အစဉ်အမြဲလွမ်းဆွတ်နေတဲ့ အရင်တုန်းကချစ်တဲ့အတိုင်း
မင်းလေး ကြိုနေစေချင်တယ်
Music
Verse 3
အချစ်နဲ့ကိုယ်ပြန်လာချိန်မှာ မမုန်းဖို့တော့ သိပ်လိုတယ်
ယုံကြည်ခြင်းများ မျှော်လင့်ခြင်းများ တောက်ပနေ
အရင်အတိုင်း ကြည်ဖြူစွာ စောင့်လို့ကြိုနေတော့
အချိန်ရှိတိုင်းပဲ ㅤအို ပြန်ဆုံရန်စဉ်းစား
Chorus
အချစ်လေး အတိအကျစောင့်နှင့်တော့ တို့နောက်ထပ်ဝေးမသွားရဘူး
ရင်ကိုဖွင့်လို့စောင့်နေတော့ ဒီလူဟာပြန်လာခဲ့
ကိုယ်အစဉ်အမြဲလွမ်းဆွတ်နေတဲ့ အရင်တုန်းကချစ်တဲ့အတိုင်း
မင်းလေး ကြိုနေစေချင်တယ်
တို့လွမ်းဆွတ်နေတဲ့ အရင်တုန်းကချစ်တဲ့အတိုင်း
မင်းလေး ကြိုနေစေချင်တယ်
Ending