Original key: G
Intro
Verse 1
ဝန်ခံပါတယ် ဒီဝေဒနာတွေ ရှောင်လွှဲမရ ငါ့ဘဝက မင်းလက်မှာ
အခြေအနေမှန်ကို တည်ငြိမ်အောင်လေ နေလို့မရ
ငါမင်းရှေ့မှောက် ဒူးထောက်ကျ
ဆင်ခြင်ဉာဏ်နဲ့ ဉာဏ်ပညာတွေ ဘယ်နားထား ငါမြင်နိုင်သေးလား ㅤ ㅤ
Chorus
အချစ်ရယ် စံပယ်ဖြူတွေ ငါမင်းအတွက် ခူးခဲ့မယ်
အချစ်ရယ် ကြယ်စင်တွေကို သိမ်းထားပေးပါ့မယ်
အချစ်အတွက် နေရောင်ခြည်ကို ငါထိန်းထားခဲ့တယ်
လာ လာ လာ လာ ငါ့ရဲ့အနားလာ လာ လာ လာ လာ
Music
Verse 2
ဒဏ္ဍာရီလို ပုံပြင်တွေလို ယုံတမ်းစကား ငါ့အချစ်နဲ့ အချစ်လိုက်ရှာ
တိမ်စိုင်တွေလို လေအဟုန်မှာ လွင့်မျောသွား
မင်းအကြောင်းများ တွေးတဲ့အခါ
လူမမြင်အောင် ဟန်ဆောင်ကာလေ နေလို့မရ မြင်နိုင်ရဲ့လား ㅤ ㅤ
အချစ်ရယ် ကြယ်စင်တွေ ငါမင်းအတွက်ခူးခဲ့မယ်
အချစ်ရယ် နေရောင်ခြည်ကို မိုးပေးထားပါ့မယ်
အချစ်အတွက် စံပယ်ဖြူတွေတောင် ငါပြုစုတတ်တယ်
လာ လာ လာ လာ ငါ့ရဲ့အနားလာ လာ လာ လာ လာ
Solo
Chorus
လာ လာ လာ လာ အချစ်ရယ် နေရောင်ခြည်ကို ထိန်းပေးထားခဲ့တယ်
အချစ်ရေ ကြယ်စင်တွေ ကိုယ်ခူးပေးထားခဲ့တယ်
အချစ်အတွက် စံပယ်ဖြူတွေတောင် ငါပြုစုတတ်တယ်
လာ လာ လာ လာ ငါ့ရဲ့အနားလာ လာ လာ လာ လာ
အချစ်ရယ် လာ လာ လာ လား လား လာ
လာ လာ လာ လာ
လာ လာ လာ လာ