Pro Chord LogoPro Chord
ကာဗွန်ဒိုင်အောက်ဆိုဒ် cover

ကာဗွန်ဒိုင်အောက်ဆိုဒ်

Hlwan Paing

Original key: D#m

INTRO
VERSE
 နင်လဲအခုဆိုရင့်ကျက်လို့နေပြီငါလဲအခုဆိုရင့်ကျက်သင့်ပါပြီ
 ဘ၀တွေခြားဝေးသွားမှဘာမှားလဲအခုငါသိ
 နင်လဲအခုဆိုအခြားတစ်ယောက်ရှိလောက်ပြီ
 ငါတွဲဖူးတဲ့လက်ကအခြားတစ်ယောက်ဆီ
 ငါယုံလိုက်ပါပြီမင်းတို့အခုဆိုအချစ်အသစ်စလောက်ပြီ
PRECHORUS
 နင်ငါ့ကိုမုန်းလို့သွားတာလည်း
 ဒါငါ့ကြောင့်ပဲငါလုပ်တာပဲအားလုံးငါ့ရဲ့အပြစ်တွေပဲ
 နင်ချစ်သူသိဖို့ပြောချင်ရဲ့
 နင့်ရဲ့အကြိုက်တွေနင်မကြိုက်တဲ့စရိုက်တွေအားလုံးမင်းနဲ့ဝေးစေဖို့
CHORUS
ကျေးဇူးပြု၍ကွာမင်းငါ့ထပ်သူ့ကိုမြတ်နိုးပေးပါ
ကျေးဇူးပြု၍ကွာမင်းသူ့ထပ်နားလည်မှု့များပေးပါ
ငါမြတ်နိုးပျိုးခဲ့တဲ့ဒီပန်းကလေးညိုးသွားမှာမလိုလားလို့ပါ
ကျေးဇူးပြု၍ကွာအဆုံးထိမင်းငါ့လိုချစ်သွားပေးပါ
INSTRUMENTAL
RAP
အဲ့ဒီတုန်းကငါ့ကိုငါထင်နေတာငါကမှန်တဲ့သူ
ကိုယ့်ကိုကိုယ်အမှန်နဲ့လူဆိုပြီးတော့သူ့ကိုရန်ပဲမူ
 တစ်ပင်လဲမူနောက်တစ်ပင်ကိုထူမယ်ဆို
 အဲ့သလိုမျိူးအကြံနဲ့လူမခံခဲ့ဘူး
မင်းပြောသမျှတစ်ခုမှကိုငါလက်သင့်မခံခဲ့ဘူး
ဟုတ်ပါတယ်မင်းငါနဲ့တွဲရင်မင်းတဖြည်းဖြည်းဆုတ်ယုတ်မှာပဲ
ငါ့ဘ၀ထဲနင်၀င်လာတာကိုပဲငါကအရှုတ်ထုတ်အထာနဲ့
မင်းကိုအမြဲအလုပ်ရှုပ်တာပဲပြောပြီးတော့သမုတ်ထုတ်တာပဲ
ကိုယ့်ကိုကိုယ်အဟုတ်လုပ်ကာလဲတခြားသူနဲ့ဇာတ်ရှုပ်တာ
မင်းသိလို့သွားလဲငါဘာများမင်းတားလို့နားလဲ
 ပတ်၀န်းကျင်ပြောလို့ပြန်ကြားလဲ
ငါမင်းကိုလိမ်လည်ထားဆဲငါသနားတယ်
မင်းကိုငါတကယ်ပါသနားတယ်အခုစဉ်းစားရင်ငါအရမ်းမှားတယ်
အချစ်စိတ်တွေမွှန်ကာသွားတဲ့ငါကတကယ်တော့အတ္တသမားပဲ
အရပ်ကတောင်သနားတယ်မင်းငါ့ကြောင့်ငိုတာပိုများတယ်
 မင်းငါ့ကိုလိုတာများထက်ပိုကာချစ်တာကိုသိသားနဲ့ငါလှည့်စားခဲ့
အချစ်ဆိုတာတကယ်အလကားပဲမယုံကြည်နဲ့ဆက်သွားရင်အမှားပဲ
ပတ်၀န်းကျင်ဝိုင်းကာထားလဲမင်းငါ့ဘက်ကရပ်တည်ကာထားအမြဲ
ဟုတ်တယ်ဒါအမှန်တရားပဲဘာမှမင်းအတွက်ငါမတရားခဲ့
၀န်ခံဖို့သတ္တိအားနည်းတောင်းပန်တယ်မင်းထွက်မသွားပါနဲ့
ခြောက်ခြားစွာနဲ့ငါတောင်းပန်နေတာပါ
ကျေးဇူးပြုပြီးငါ့အနားကိုပြန်လာကွာ
CHORUS
ကျေးဇူးပြု၍ကွာမင်းငါ့ထပ်သူ့ကိုမြတ်နိုးပေးပါ
ကျေးဇူးပြု၍ကွာမင်းသူ့ထပ်နားလည်မှု့များပေးပါ
ငါမြတ်နိုးပျိုးခဲ့တဲ့ဒီပန်းကလေးညိုးသွားမှာမလိုလားလို့ပါ
ကျေးဇူးပြု၍ကွာအဆုံးထိမင်းငါ့လိုချစ်သွားပေးပါ
INSTRUMENTAL
RAP
ဟုတ်ပါတယ်ငါဟာလူဆိုးပါ
 မင်းယုံတဲ့မျှော်လင့်ချက်တွေကိုအကုန်ရိုက်ချိူကာ
တစ်နေ့မှာဝေထိုးကာမင်းရဲ့အဝေးကိုဒိုးမှာ
ဒီလိုမျိုးစိတ်ဓာတ်‌တွေကဆိုးရွားခဲ့
အဲ့ဒီတုန်းကငါ့ရဲ့အချစ်ကပုံရိပ်မထင်ပါဝိုးတဝါးနဲ့
ရိုက်စမ်းပါမကျေနပ်သေးရင်ငါ့ပါးနှစ်ချက်ကိုတစ်ချက်စီဟာ
တကယ်တန်းတော့ငါ့ဆီမှာမရှိတာစွန့်လွှတ်ဖို့ဆိုတဲ့သတ္တိပါ
နောက်ပြီးတော့မပြောစမ်းပါနဲ့
 စကား‌ကြမ်းတွေနဲ့ Heartထိစရာခက်ပြီကွာ
ကဲHlwanpaingဆိုတဲ့ကောင်မင်းမှတ်ပြီလား
မင်းပြောသလိုသူပြန်ပြောပြီသူကမင်းကိုတကယ်အထင်သေးသွားပြီ
သူ့ဘ၀မှာမင်းမရှိလဲအဆင်ပြေတယ်တဲ့တကယ်ဝေးသွားပြီ
တကယ်ဆိုမင်းကအပြောနဲ့အလုပ်အိုတစက်ကလေးမှမညီ
ဝေးရပြီအဲ့လေးမသည်တစ်ချိန်တုန်းကငါ့ရဲ့ချစ်သူလေးကိုအခုငါသတိရသည်
ENDING
 အတိတ်ကမင်းနဲ့အကြောင်း‌တွေကြိုးစားမေ့ကာဖျောက်လိုက်
 ငါ့ခေါင်းနဲ့ငါ့ခန္ဓာကိုယ်အိုးစားကွဲအောင်လျှောက်ရိုက်
လမ်းတွေလျှောက်လိုက်သတိရစိတ်တွေ၀င်နှောက်လိုက်
တကယ်တော့အချစ်ကငါ့အတွက်ကာဗွန်ဒိုင်အောက်ဆိုက်ဒ်
 အတိတ်ကမင်းနဲ့အကြောင်း‌တွေကြိုးစားမေ့ကာဖျောက်လိုက်
 ငါ့ခေါင်းနဲ့ငါ့ခန္ဓာကိုယ်အိုးစားကွဲအောင်လျှောက်ရိုက်
လမ်းတွေလျှောက်လိုက်သတိရစိတ်တွေ၀င်နှောက်လိုက်
တကယ်တော့အချစ်ကငါ့အတွက်ကာဗွန်ဒိုင်အောက်ဆိုက်ဒ်

Chords in this song

D#m
B
F#
C#
4
Speed1.0x
Key0

All artists

ABCDEFGHIJKLMNOPQRSTUVWXYZ
Pro Chord LogoPro Chord

The ultimate Myanmar guitar chord & tab platform. Learn songs, tune your guitar, and explore chords — all in one beautifully crafted place.

Tools

Guitar TunerChord LibraryMy Tabs

Legal & Policies

Privacy PolicyTerms of Service

Get The App

Download Pro Chord for Android to practice chords and tune your guitar offline.

GET IT ONGoogle Play

© 2026 Pro Chord. All rights reserved.

Crafted withfor Guitarists
Guitar TunerChord LibraryGet App
Pro Chord home